"အော်... ဇာခြည်တို့ပြန်လာကြပြီလား"
ဆံပင်တွေကိုသဘက်နှင့်
သုတ်ကာ ညအိပ်ဝတ်စုံနဲ့
အခန်းထဲမှထွက်လာသော မြူနှင်းမှမေးလိုက်သည်.."အင်းမြူနှင်းခုမှပြန်ရောက်တာ.. "
ဇာခြည်ထိုင်ခုံတွင်ထိုင်လိုက်သည်..
မိုးသား ကတော့ ရေခဲသေတ္တာထဲမှရေသန့်ဘူးကိုထုတ်ကာ..
ဖန်ခွက်ထဲကိုထည့်နေသည်.."ရော့.. ဇာခြည်သောက်လိုက်အုံး"
မိုးသားလှမ်းပေးသောရေခွက်ကိုယူကာသောက်လိုက်သည်..
မိုးသားလည်းရေတစ်ခွက်သောက်လိုက်သည်..
"မောလာကြတယ်ထင်တယ်... ရေချိုးလိုက်ကြအုံး..
ပြီးရင်ထမင်းစားကြမယ်"မိုးသားနှင့်ဇာခြည်တို့အခန်းထဲသို့သွားရန်ထလိုက်ကြသည်..
ထိုစဉ်...."မြူနှင်း.. ညနေဘက်ကြီးခေါင်းမလျှော်နဲ့ဖျားမယ်နော်
ကလေးကြနေတာဘဲ.. "ဇာခြည်သည်ပြောရင်းဖြင့်.. မြူနှင်း၏ဆံပင်လေးကိုဖွကာ..
အခန်းထဲဝင်သွားလေသည်...
မြူနှင်းလည်းကြောင်အမ်းအမ်းဖြစ်ပြီး.. အင်းတစ်လုံးသာချနိုင်လေတော့သည်...မိုးသားကတော့ ဇာခြည်အ့ခန်းဘက်ကြည့်လိုက်ပြီး
"ဇာခြည်က ကိုယ့်ဆိုအရမ်းဂရုစိုက်တာနော်... "
မြူနှင်းလည်းမိုးသားစိတ်ထင့်မှာစိုးသောကြောင့်
"သူငယ်ချင်းတွေဘဲမိုးရယ်.. စိတ်ထဲမထားပါနဲ့..
ဘာလဲ.. မိုးက ကို့ကိုသ၀န်တိုနေတာလား"မြူနှင်းသည်မိုးသားရှေ့ကိုတစ်လှမ်းချင်းတိုးသွား၍မေးလိုက်သည်...
"သွားပါ.. ဘယ်သူကသ၀န်တိုနေလို့လဲ...ဟွန့်"
မိုးသားရှက်ကာ.. အခန်းထဲသို့ပြေးဝင်သွားလေ၏...
********
6:30PM
"ဟင်းတွေအများကြီးပါလား.. မြူနှင်းရေ"ထမင်းစားနေရင်း.. ဇာခြည်မှပြောလိုက်သည်...
"ဟုတ်တယ် ဇာခြည်ရဲ့.. ဆိုင်ကမန်နေဂျာအစ်မမေသူ့ရဲ့သမီးလေးမွေးနေ့လေ
အဲ့တာအိမ်ကိုချိုင့်နဲ့လာပို့သွားတာ.. "
YOU ARE READING
AzureLove(မိုးပြာရောင်အချစ်)
Romantizm(Zawgyi) 🔞18+လေးတွေ.. နည်းနည်းပါမယ်.. ပထမဆုံးfixလေးမို့.. ဝေဖန်အကြံပြုကြပါအုံး.. အမှားပါရင်ခွင့်လွှတ် ပါ... ဆက်ကြိုးစားသွားပါအုံးမည်... ************************ ☁☁☁A Z U R E L O V E☁☁☁ 💙💙💙( မိုး ပြာ ရောင် အ ချစ်) 💙💙💙 💫**ThaeSuWai**💫 (u...