Part(3)

2.8K 228 17
                                    

ကုန်တင်လှေကြီးတစ်ခုက ဆိပ်ကမ်းသို့ကပ်ပြီးတာနင့်တစ်ပြိုင်နက် ကုန်သည်များစည်ကားလျက်ကုန်တွေရောင်းဝယ်နေကြတယ်....

ထိုလူတွေအများကြီးရဲ့နောက်ဘက်တွင်တော့ အသက် ၄၀ အရွယ်မိန်းမတစ်ယောက်ရယ်လူငယ်လေးနှစ်ယောက်ရယ်ကကုန်စျေးသည်တွေကြား သူတို့နှင့်မဆိုင်သည့်အလားပင်....

"လီယို ဆရာမပြောတာတွေသေချာမှတ်ထားရဲ့လား"

ထိုဆရာမဆိုတဲ့သူကတော့ တစ်ချိန်က နန်းတွင်းကနတ်ခမ်းမဆောင်ရဲ့ နတ်ဆရာမတစ်ဦးဖြစ်တဲ့ ကျူးမိန်ပင်....
သူမက မိုးကောင်ကင်ရဲ့ဆန္ဒတွေကိုနာခံပြီး တော်ဝင်မိသားစုတွေရဲ့ ဟောကိန်းတွေကိုဖြေဆိုပေးရသူ။

ခနဆိုပြီးနန်းတော်ထဲကနေရှောင်ပြေးခဲ့တာ ၁၀တောင်ကြာသွားခဲ့သည်။ ဒီအချိန်အကြာလောက်ဆို အရာရာကိုမေ့နိုင်လောက်ကြပြီထင်ရဲ့ဒါကြောင့်လဲပြန်လာခဲ့ခြင်း။

သူတစ်ပါးတိုင်းပြည်မှာရှောင်ပြေးပုန်းဖို့မသင့်သောကြောင့်လဲပါသလို သူမအားမြေလှန်ရှာနေတဲ့ မယ်မယ်ကြီးကြောင့်လဲ ရင်ဆိုင်တွေ့သင့်ပြီထင်၍ပြန်လာခဲ့ခြင်း....

တစ်ချိန်က မလုပ်ခဲ့သင့်တဲ့အမှားတွေကြောင့် ရယ် သူမရဲ့ ချစ်ရဆုံးသူငယ်ချင်းဖြစ်သူရဲ့ အမှာစကားတွေကြောင့်ရယ် သူ့အသက်ပေးကါကွယ်ရမဲ့ လူတစ်ယောက်တွက် သူမဟာယနေ့ထိတိုင်အသက်ဆက်ရှင်သန်နေရခြင်း....

"မှတ်မိပါတယ်။ ဘယ်သူမေးမေး လီယိုက ဆရာမရဲ့မွေးစားသားလို့ဖြေရမယ်မဟုတ်လား..."

ပြန်ဖြေလာတဲ့ သြရှရှနဲ့ချိုမြမြအသံလေးကြားမှ ကျူးမိန်အတွေးတွေစီကရုန်းထွက်လာနိုင်တယ်။

အရွယ်ရောက်လာတဲ့လီယိုကပိုပိုလှလာလေတယ်။ ယောက်ကျားလေးအနေနဲ့မွေးဖွားလာသော်လဲ လှပမူ့ကျက်သရေရှိမူ့အေးချမ်းမူ့တွေက တော်လေးဝ ဝင်တဲ့မိန်းမသားတွေတောင်ထိုင်ငိုရလောက်အောင်ကိုပြည့်စုံလွန်းတယ်။

ဒီလိုလှပပြည့်စုံခြင်းတွေကပဲ ဒီကလေးအတွက် အသက်အန္တရာယ်တွေဖြစ်ခဲ့ရတာ....

ဖြူးဖွေးနုဖတ်လွန်းတဲ့အသားရေ နဖူးမြင့်မြင့် နှာတံကချွန်မယောင်နဲ့အဖျားသတ်လုံးဝန်းသွားပြီး နီရဲဖူးယွနေတဲ့ခပ်ထူထူနုတ်ခမ်းသားလေးတစ်စုံ....အဲ့အပြင် ငယ်မူမပျောက်တဲ့ ပါးဖောင်းဖောင်းလေးရယ် အို သိပ်ကိုပြည့်စုံလွန်းပါရဲ့....

Missing....You!(Complete )Where stories live. Discover now