Part (4)

2.5K 222 14
                                    

ဒီနေ့ Double up နော်😁။
မှန်မှန်ပြော ပိုးကို အရမ်းချစ်သွားပြီမလား ကောင်မလေးတွေ....

"ဝမ်းနင် ငါ့နားတွေပူနေတယ်။ ငါ့အထင် အထိန်းတော်ကြီး နန်းဆောင်ကွဲအောင် အော်နေပြီထင်ပါ့...."

"နားပူတာ ဒါပထမဆုံးမှမဟုတ်တော့တာများအဆန်းလုပ်လို့ အရှင်။"

တွေ့လား ဝမ်းနင်ဆိုတဲ့ကောင်စုတ်က မပြောရင်လဲမပြောဘူး ပြောရင်လဲရှောင်ကျန့်ပြန်မပြောနိုင်အောင်ဆွံ့အစေသည်ထိ....

မှန်နေတာကြောင့်လဲပြန်မပြောနိုင်တာပေါ့။ဟုတ်သည်လေ ရှောင်ကျန့်ကအမြဲနန်းပြင်ခိုးထွက်နေကျပဲဟာ နားပူတာအဆန်းတော့မဟုတ်....

ရေချိုးဆောင်ကနေ အထိန်းတော်ကြီးကို ပ ထုတ်ကာ ဝမ်းနင်နဲ့နှစ်ယောက်တည်း ထွက်လာခဲ့ခြင်း....

လာတဲ့နေရာက ဒုက္ခသည်တွေကိုထားတဲ့ မြို့ပြင်စီ....

ယူလာတဲ့ငွေစအချို့ကိုလောက်ငှအောင်နဲနဲစီခွဲဝေပေးကာ မြင်သမျှသနားစရာ ကလေးငယ်တွေကိုငေးကြည့်နေတုန်း....

"ဝမ်းနင် မင်းမြင်လား..."

"ဟုတ် ၇ ယောက်လောက်ရှိတယ်အရှင် ။ကြည့်ရတာ ဒီတစ်ခါ အပိုင်တွက်ထားပုံပဲ..."

ဝမ်းနင်စကားကို ရှောင်ကျန့်က မဲ့ပြုံးပြုံးကာ ခေါင်းတစ်ချက်ငြိမ့်တယ်။

"ချိုအမတ်ချုပ်က ငါလေးကိုသိပ်အထင်သေးတာပဲ....။ ဒါပေမဲ့ဘယ်လိုလုပ်မလဲ ငါဒီနေ့ စိတ်ကောင်းနေတယ် မတိုက်ခိုက်ချင်ဘူးကွာ..."

"ကျနော့်တာဝန်ထားလိုက်ပါ..."

"ဟင့်အင်း မင်းလဲမတိုက်ခိုက်ရဘူး။ ငါတို့ပြေးတမ်းလိုက်တမ်းကစားလိုက်ရအောင်..."

ရှောင်ကျန့်ပြောတော့ ဝမ်းနင်က ခေါင်းတစ်ချက်ငြိမ့်ပြကာ ဘေးဘက်ကချုံတွေထဲ နှစ်ယောက်သား လှစ်ခနဲဝင်ပြေးတော့ နောက်ကနေ လူဝလူသန်ကြီး ၇ယောက်က လိုက်ပြေးတော့တယ်။

ရှောင်ကျန့်သိတာပေါ့ နန်းတော်ထဲကထွက်လာကတည်းကနောက်ကနေမယောင်မလည်လိုက်လာကြတာ...

ရှောင်ကျန့်မရိပ်မိဘူးထင်ပြီး အခွင့်သာရင် အပြတ်ရှင်းမို့ထင်ရဲ့...။
ဟက် ရီရလိုက်တာ ရှောင်ကျန့်လိုလူကိုများ ဒီလိုအခြေမြစ်မရှိတဲ့ဟာတွေလောက်နဲ့များလုပ်ကြံခိုင်းရဲသေးတယ်။

Missing....You!(Complete )Where stories live. Discover now