Part (18)

2.8K 186 8
                                    

🔞🔞(ဒီအပိုင်းလေးကို အသက်မပြည့်သေးရင်ကျော်သွားပေးပါ။ ပြောသာပြောရတယ် အသက်မပြည့်လဲ ဇွတ်ဖတ်ကြမှာပဲမလား... အိုကေ ဘာပဲဖြစ်ဖြစ် ကိုယ့်ဆန္ဒနဲ့ကိုယ်ဖတ်ပြီးရင်တော့ ပြသနာမရှာကြပါနဲ့နော်....😁)

ချီပွေ့လာတဲ့ အနီရောင်ကောင်ငယ်လေးကို ခုတင်ထက်က ကျောက်စိမ်းရောင်ပိုးမွေ့ယာပေါ်အသာတင်ပေးကာ အုပ်မိုးလိုက်တယ်....

ရှောင်ကျန့်က အုပ်မိုးထားရာကဖယ်ပေးပြီး သူ့ရဲ့အပေါ်ဝတ်ရုံလွှာကို ကိုယ်တိုင်ချွတ်ချလိုက်တော့ ငုတ်တုပ်လေးထ ထိုင်လို့ ရှောင်ကျန့်လုပ်သမျှကိုကြည့်ကာ သူ့ဝတ်ရုံလေးနဲ့အပြိုင်နီတာရဲလေးဖြစ်နေလေရဲ့ ။

သဘောကျစွာ ဟက်ခနဲရီလို့ မင်ဂလာအခမ်းနားမှာရှောင်ကျန့်လက်နှင့်ကိုယ်တိုင်အမြတ်တနိုးပန်ဆင်ပေးထားတဲ့ ငယ့်အပိုင် ပတ္တမြားစီချယ်ထားတဲ့ ဇာမဏီဆံထိုးလေးကို ဖျတ်ခနဲဆွဲဖယ်ကာ ခုတင်ဘေးတင်လိုက်ပြီး ဆံသားနုနုတွေကိုစည်းနှောင်ထားတဲ့အဖြူရောင်ဖဲကြိုးလေးကိုဆွဲဖြည်လိုက်တော့ ထွေးအိပျော့ပြောင်းစွာ ကျဆင်းလာတဲ့ဆံနွယ်လေးတွေက သိပ်ကိုလှရက်လွန်းတယ်။အသာ နမ်းရိူက်တော့ မွေးလှတဲ့ရနံလေးကြောင့် လူကလိုက်ဖိုရပြန်တယ်။

ရှောင်ကျန့်က သူ့လိုပဲ ဝမ်ငယ်လေးရဲ့အပေါ်ဝတ်ရုံကိုဖယ်ရှားပေးတော့ မငြင်းဆန်ပဲ အလိုက်သင့်ချွတ်ပေးလေရဲ့....

ပိတုန်းရောင်ဆံနွယ်လေးအောက်က ပစ်ချက်မရှိတဲ့ဖူးယွဝင်းမွတ်နေတဲ့မျက်နှာလေးက မထိရက်မကိုင်ရက်စရာကောင်းတဲ့ကြွေရုပ်လေးလိုပါပဲ....

"ကြောက်နေတာလား ငယ်...."

နူးညံ့စွာမေးတော့ ငယ်က ခေါင်းလေးအသာယမ်းပြကာ နုတ်ခမ်းလေးကိုက်လို့....

"ရိပေါ် ရင်တွေအရမ်းခုန်နေတယ် ။"

သူ့ရင်ဘတ်လေးပေါ်လက်တင်ကာ တိုးဖျော့ဖျော့ပြောပြတဲ့ကောင်လေးကြောင့် ရှောင်ကျန့်မှာအူယားအသဲယားရတာပါပဲ.....

ငယ်ရဲ့ မျက်နှာလေးနှစ်ဖက်ကို အုပ်ကိုင်ကာ ခေါင်းလေးမော့စေပြီး နဖူးလေးကိုနမ်းရိူက်တော့ ငယ့်မျက်ဝန်းလေးတွေမှိတ်ကျသွားတယ်။

Missing....You!(Complete )Where stories live. Discover now