Part(24)

2.8K 210 23
                                    

နေ့ရက်တွေက တစ်ရက်ပြီးတစ်ရက်ကုန်ဆုံးနေတယ်။
နန်းတွင်းထဲတော့ အရာအားလုံးကအေးဆေးပါပဲ။ မအေးဆေးတာတော့ တစ်ခုပဲ ဟီဘင်နဲ့ ဝမ်ဖေးရဲ့ မသိမသာရန်ပွဲတွေပေါ့။

ဝမ်ဖေးကို အားလုံးက ချစ်ခင်လေးစားကြတာကြောင့် ဟီဘင်ကအတော်လေးမကျေမနပ်ပါပဲ။ အရှင်အနားမှာမရှိရင်တောင် ဝမ်ဖေးရဲ့ဆံချည်တစ်မျှင်တောင် မထိခိုက်ရအောင် အစွမ်းကုန်ကာကွယ်ကြတယ်။ဒါကိုဟီဘင်ကတော့ ကြိတ်မနိုင်ခဲမရပါပဲ...။

သူမကမသိဘူး ဖားတုလို့ခရုခုန်ရင် အိုင်ပျက်ရုံပဲရှိတယ်ဆိုတာ....

အရှင့်ရဲ့သတိပေးစကားကိုလျစ်လျူရူ့လို့ ဝမ်ဖေးကိုမဆင်မချင်ပြောဆိုနေခြင်းက သူမရဲ့နုတ်လျှာကိုမသနားပေဘူးလားမသိချေ....
............

"ရောက်လာကြပြီလား ထိုင်ကြ..."

ယခုကတော့မယ်မယ်ကြီးစီစဥ်ထားသည့် မယ်မယ့်နန်းဆောင်က လက်ဖက်ရည်တည်ခင်းပွဲမှာဖြစ်တယ်။

ဒီအလေ့ထက နွေဦးအစမှာဖြစ်ပြီး မိဖုရားတွေရဲ့ လက်ဖက်ရည်စပ်နိုင်စွမ်းကိုအကဲခတ်တာဖြစ်သောကြောင့် တော်ဝင်မိသားစုရဲ့မိန်းမသားအပြင် ရာထူးကြီးအမတ်မင်းတွေရဲ့ ကတော်တွေပါတတ်ရောက်ကြတာကြောင့် လူက၃၀ယောက်ဝန်းကျင်လောက်ပါရှိရဲ့....

"စလိုက်ရအောင်......"

မယ်မယ်ရဲ့ အမိန့်သံအဆုံး ရိပေါ်နဲ့ ကျန်နှစ်ယောက်က လက်ဖက်ရည်ဖော်စပ်ဖို့ ပြင်ရတယ်။

တအောင့်လောက်အကြာမှာတော့ ဖျော်စပ်ထားတဲ့ လက်ဖက်ရည်ကို အပျိုတော်တွေက တစ်ခွက်စီငဲ့လို့ အသီးသီးစားပွဲမှာချပေးလေတယ်။

"မြည်းကြည့် အကဲဖြတ်ကြပါဦး...."

မယ်မယ့်ရဲ့ဆော်သြသံကြောင့် အားလုံးက တစ်ခွက်စီအနဲငယ်မျှသောက်လို့ အဖြေရှာဖွေနေကြတယ်ထင်ရဲ့....

"ဝမ်ဖေးဘယ်လိုမှမခံစားရဘူးလား.."

"ဘာကိုလဲ..."

ရိပေါ်ရဲ့ကပ်လျက်ဖြစ်တဲ့ဟီဘင်က လက်လေးကာလို့ ရိပေါ်ကိုတိုးတိတ်စွာမေးတယ်။

"ဒီပွဲတတ်ရတာလေ။ ကြည့်ပါဦး အားလုံးကမိန်းမသားတွေချည်းပဲ နေရများမခက်ဘူးလား..."

Missing....You!(Complete )Tempat cerita menjadi hidup. Temukan sekarang