Part(19)

2.6K 225 7
                                    

တစ်ပါတ်ကြာပြီးတဲ့အချိန်မှာပဲ မိတ်ဖက်နိုင်ငံရဲ့မင်းသမီး နန်နန်နဲ့ စစ်ရူံးနိုင်ငံရဲ့ဆက်သတဲ့ လဲ့ကျိုးမင်းသမီးတို့က တစ်ပြိုင်တည်းနန်းတော်ထဲသို့ရောက်ရှိလာတယ်။

ဒီတိုင်းကြိုဆိုခြင်းကို အများသူငှာရူံ့ချကြမည်စိုးတာကြောင့် အရှင်ကပွဲလုပ်၍ကြိုဆိုပေးခဲ့တယ်။

ဒါကလဲ ရိပေါ်ရဲ့အကြံပေါ့။အရှင့်ရဲ့မိဖုရားဖြစ်လာမဲ့သူတွေကို အရှင်ကဂရုမစိုက်ရင်တောင် ရိပေါ်ကဂရုစိုက်ရမည်လေ။

တိုင်းပြည်ရဲ့မိခင်နေရာကိုရထားတဲ့ရိပေါ်က စိတ်ထားကိုလဲ သူသူငါငါမခွဲဲခြားပဲတစ်သားထဲဆက်ဆံသင့်သည်မဟုတ်လား....

မင်းတို့တွေးကြမယ် ရိပေါ်က အရှင့်ရဲ့နောက်ထပ်မိဖုရားတွေကိုဘာလို့ကြိုဆိုရတာလဲပေါ့။ ရိပေါ်ယူထားတာ သာမာန်ယောက်ကျားမှမဟုတ်ပဲ။ ရေမြှေ့အရှင်သခင်ဖြစ်တဲ့တိုင်းပြည်ဘုရင်လေ ရိပေါ်သဘောထားသေးသိမ်လို့ဖြစ်မလား။ ဘယ်သူမဆို ကိုယ်ချစ်တဲ့သူကိုကိုယ်တစ်ယောက်ပဲပိုင်ချင်တာပေါ့ သို့ပေမဲ့ ရိပေါ်ယောက်ကျားက ဘုရင်ဖြစ်တဲ့တွက်ကြောင့် ထိုသို့တွေးလို့မရဘူးလေ မင်းတို့သဘောပေါက်တယ်မလား....

ဟင်း....ထားပါတော့ ရိပေါ်ကိုအရှင်ကချစ်မြတ်နိုးပေးရင်ရပြီမလား...။ကျန်တာတော့ အရှင့်စိတ်နဲ့အရှင့်သဘောပေါ့လေ....
........
.......
"ဟီဘင်မိဖုရားနဲ့ မိဖုရားငယ် လာရောက်ဂါရရဝပြုကြောင်းပါ မိဖုရားဝမ်"

နန်းတော်ထဲသူမတို့နှစ်ယောက်ရောက်တဲ့နေ့က အရှင်ကညီလာခံသို့ခေါ်တွေ့လို့ နန်နန်ကိုဟီဘင်အဖြစ်ခန့်ပြီး လဲ့ကျိုးကိုတော့ တတိယမိဖုရားဘွဲ့ခံယူစေတယ်။

ဒီနေ့တော့ ထုံးတမ်းဓလေ့အရ မိဖုရားခေါင်ကြီး ဖြစ်တဲ့ရိပေါ်စီကိုသူတို့ဂါရဝလာပြုကြခြင်း....

အထိန်းတော်ဖြစ်တဲ့ဆရာမကျိုးမိန်ရဲ့အသိပေးသံကြောင့် ရိပေါ်ဝင်ခွင့်ပေးကါ တည်ငြိမ်စွာထိုင်နေလိုက်တယ်။

"မိဖုရားဝမ်ကို နန်နန်အရိုသေပေးပါတယ်။ ကျနော်မျိုးမက ဟီဘင်မိဖုရားပါ။ "

Missing....You!(Complete )Where stories live. Discover now