Part(15)

2.8K 215 6
                                    

လီယိုမှာ သက်ပြင်းတချချနဲ့ရင်မောနေရတယ်။

အကြောင်းက မနက်ကလာပြီး ဖွင့်ပြောသွားတဲ့ပိုင်ကောကြောင့်။ အဲ့တာတင်မကသေးဘူး လီယိုက ဝမ်ရိပေါ်ဖြစ်နေမှန်း ပိုင်ကော သိနေခဲ့တယ်။

ဘယ်ကတည်းကသိနေခဲ့တာလဲမေးတော့ လီယိုတစ်ရက်က ဖန်ရှင်းတို့နဲ့ပြောနေတာကြားခဲ့တာတဲ့။

သိသိရခြင်းတုန်းကသူအရမ်းလဲတုန်လူပ်ခဲ့ရသလို အရမ်းလဲပျော်ခဲ့ရတယ်တဲ့။

လီယိုဘယ်လိုများပစ်ပစ်ခါခါ ငြင်းရက်ပါ့မလဲ မည်သို့ပင်ဆိုစေကာမူ ပိုင်ကောက လီယိုငယ်စဥ်ကတည်းက ခင်မင်သိကျွမ်းလာခဲ့သည့်အပြင် လီယိုအပေါ်အရမ်းဂရုစိုက်ပြီးကြင်နာနွေးထွေးခဲ့တာမလား...။

လီယိုက ရိပေါ်ဖြစ်ကြောင်းမည်သူ့ကိုမှမပြောပါနဲ့လို့တောင်းဆိုတော့ အစက ကန့်ကွက်ပေမဲ့ လီယို ဒီတိုင်းပဲနေသွားချင်တယ်ပြောတော့ လက်ခံခဲ့တယ်။

ပိုင်ကောက ပြောတယ်
"ငယ်လေးကို ကိုယ်တစ့ခါဆုံးရူံးခဲ့ပြီးပြီ ဒီတစ်ခါတော့ ကိုယ့်အပိုင်ဖြစ်ပေးပါလားတဲ့...."

လီယိုဘယ်လိုလုပ်ရမလဲ ကိုယ့်အပေါ်ကြင်နာပြီးဂရုစိုက်ပေးတဲ့ ပိုင်ကောကို သံယောဇဥ်ရှိပါတယ် ဒါပေမဲ့ ချစ်ပေးဖို့ကျတော့မဖြစ်နိုင်ဘူးလေ ဘာလို့လဲဆိုတော့ ရိပေါ်ဘဝနဲ့နှလုံးသားကော လီယိုဘဝနဲ့နှလုံးသားပါ အရှင့်တွက်ဖြစ်တည်ထားပြီမို့။

အရှင့်ကိုလီယိုအရမ်းချစ်တယ်။ ဒါပေမဲ့ အဲ့တာ ဝမ်ရိပေါ်အနေနဲ့ မြေမြှပ်ထားလိုက်ပြီ လီယိုအနေနဲ့တော့ ခပ်ကင်းကင်းနေရမယ် လီယိုဒီလိုဆုံးဖြတ်တာက သိပ်ချစ်ရတဲ့အရှင့်တွက်ပါ။ လောကမှာ လျို့ဝှက်ချက်ဆိုတာမရှိဘူး အကယ်၍ လီယိုက ရိပေါ်မှန်းသိသွားရင် အရှင့်တွက်အရမ်းခက်ခဲလိမ့်မယ် ။လီယိုကြောင့် သွေးသားကိုပြန်ပြီးဥပေက္ခာပြုရလိမ့်မယ်။ လီယိုကြောင့် အရှင့်ရဲ့သွေးသားတွေနဲ့ သွေးကြွေးတွေဆပ်ရလိမ့်မယ်။ ဟင့်အင်း မယ်တော်ကြီးကိုအရမ်းမုန်းပြီးနာကျည်းပေမဲ့ အရှင့်ရဲ့အဖွားမလား ဘယ်လိုစိတ်နဲ့ လီယိုဝန်ခံရမလဲ ပြီးလက်စနဲ့ပြီးပါစေတော့လေ....

Missing....You!(Complete )Tempat cerita menjadi hidup. Temukan sekarang