Part(26)

3K 179 1
                                    

သတိရလာတဲ့ ဝမ်ငယ်လေးက ဝမ်မားရင်ခွင်ထဲ တရူံ့ရူံ့ငိုလို့ကောင်းတုန်းပင်....

သတင်းကြားပြီးချင်းရောက်လာကြတဲ့ဝမ်တစ်အိမ်သားလုံးကလဲ ကြည်နူးပီတိမျက်ရည်များနဲ့ပြည့်လျံနေကြသလို မယ်မယ်ဆိုရင် နန်းဆက်အတွက်အပြင် သူမရဲ့သားတော်သိပ်မြတ်နိုးရပြီး သူမပါချစ်ရတဲ့သားမက်လေးက မွေးဖွားနိုင်ခြင်းကြောင့် သားမက်နှင့်အပြိုင်ငိုနေဆဲ.....

"ကဲ တော်တော့လေ ငယ်လေး ခေါင်းကိုက်နေရော့မယ်။"

ဝမ်မာမားကခေါင်းလေးသပ်ပေးကာဆိုတော့ ရိူက်သံပိစိလေးတွေနဲ့ခေါင်းငြိမ့်ပြတယ်။

နှာလုံးလေးတွေနီနေသလို နုတ်ခမ်းဖူးလေးတွေကတုန်တုန်ရီရီဖြစ်နေတဲ့ဝမ်ငယ်လေးက ရှောင်ကျန့်မျက်စိထဲ သိပ်ကိုလှရက်လွန်းတာပါပဲ။

မျက်ရည်တွေကိုဝတ်ရုံစလေးနဲ့ပွတ်ဆွဲသုတ်တော့ ပါးမို့ရိုးထက်က ခြစ်ရာကိုဖိမိတဲ့အခါ နာကြင်သံထွက်တာမြင်ရကြားရတော့ ရှောင်ကျန့်အံကိုကြိတ်ကာ လက်သီးစုပ်ကတင်းခနဲပင်....

"မား... အငယ်က ဘယ်လိုကလေးရနိုင်တာလဲဟင်...ပြောပြပါ။"

ရှင်းလေးရဲ့ အံသြစွာအမေးကို ဝမ်မားကပြုံးကာ ခေါင်းငြိမ့်ပြတယ်။

"ငယ်လေးကိုကိုယ်ဝန်စရှိကတည်းကနေ မွေးမဲ့နေ့ထိ မားအိမ်မက်တစ်ခုထဲ စွဲစွဲဲမြဲမြဲမက်တယ်။ အိမ်မက်ထဲမှာ လနတ်သမီးက မက်မွန်ပန်းပွင့်ကို နမ်းရိူက်ကာ မားခေါင်းမှာပန်ပေးတယ်လို့...။ အဲ့ဒါကို မားသွားနေကျတောင်ပေါ်ကဘုန်းတော်ကြီးစီမေးမြန်းတဲ့အခါ ငယ်လေးက ယောက်ကျားလေးအဖြစ်မွေးဖွားလာပြီး လမင်းနဲ့ သဏ္ဌာန်တူကာ ပန်းတစ်ပွင့်ကဲ့သို့ဖြစ်တည်မယ်တဲ့။ မားအဲ့တုန်းကနားမလည်ခဲ့ဘူး ခုတော့အဲ့အဓိပ္ပါယ်ကိုသိပြီ။"

ဝမ်မားရဲ့ရှင်းပြမူ့အဆုံးမှာတော့ အားလုံးကနားလည်သဘောပေါက်သွားကြဟန် ခေါင်းလေးတငြိမ့်ငြိမ့်....။

ရှောင်ကျန့်ဆိုရင် သူ့ရဲ့ပန်းပွင့်ငယ်လေးကို မြတ်နိုးယိုဖိတ်မူ့တွေတဖွားဖွားပါပဲ....

"ဟင့်.... မား.... ငယ်က ဘယ်လိုမွေးရမှာလဲဟင်...။"

ငိုမဲ့မဲ့နှင့်ရိပေါ်ကထိုသို့မေးတော့ အားလုံးမှာ မျက်လုံးလေးပြူးလို့။ သူ့အမေးကိုနားလည်ပေမဲ့ သူ့ဘာသာနားမလည်တဲ့ရိပေါ်ကြောင့် အံသြမိခြင်း....

Missing....You!(Complete )Tempat cerita menjadi hidup. Temukan sekarang