Part(14)

2.4K 210 17
                                    

ရှောင်ကျန့်ရောက်ရှိနေတာ တောစပ်ထဲက တဲအိမ်လေး....။
နောက်ပြီးသူ့ရှေ့မှာဒူးထောက်လျက်ရှိနေတာ ကျိုးမိန်....။

"ဝမ်ငယ်...ဝမ်ငယ့်ဆံထိုးက မင်းဆီဘယ်လိုရောက်နေရတာလဲ..."

ရှောင်ကျန့်စမေးလိုက်တယ်။သို့ပေမဲ့ကျိုးမိန်က ခေါင်းငုံ့မြဲငုံ့ထားပြီး လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်လို့ အားယူနေပုံရတယ်။

ရှောင်ကျန့် ကျိုးမိန်ပုံစံကိုကြည့်ကာ သူလဲ ရင်ထဲဗြောင်းဆန်နေလေတယ်။ ဘာတွေများဒီလောက်လျို့ဝှက်ချက်တွေရှိခဲ့လို့ ကျိုးမိန်ပုံကအရမ်းတုန်လူပ်ခြောက်ခြားနေရပါလဲ....

ခနအကြာ ကျိုးမိန်က ခေါင်းကိုမော့ကာ အသက်ကိုပြင်းပြင်းရူကာ လေပူတစ်ချက်မူတ်ထုတ်လို့....

"ကျမအသက် ၁၆နှစ်လောက်က ကျမအမေနတ်ဆရာမ ဟွေ့လီကnဟောကိန်းတစ်ခုထုတ်ခဲ့တယ် အဲ့ဒါ တိုင်းပြည်မှာ နေမင်းရဲ့ ကြင်ယာဖြစ်တဲ့ လနှစ်စင်းပေါ်ထွက်မယ်လို့.။

အဲ့သည့်အပြင် လနှစ်စင်းမှာတစ်စင်းဟာ ဘုန်းတန်းခိုးကြီးတဲ့ယောက်ကျားသားဖြစ်ပြီး နောက်တစ်စင်းက ကြီးမြတ်တဲ့ လတစ်စင်းကိုဝါးမြိုလိမ့်မဲ့ လနတ်ဆိုး ဆိုပြီး ဟောကြားခဲ့တယ်။
ကျမရဲ့သူငယ်ချင်းဖြစ်တဲ့ အသက်ငယ်ပြီး ပါရမီရှင် နတ်ဆရာ လုလုကတစ်နေ့မှာအရှင့်ခမည်းတော်ရဲ့ တော်ကောက်ခြင်းခံရတယ်။

အဲ့ဒီမှာပဲ အရှင့်ရဲ့ အဖွားတော်က လုလုကိုလုပ်ကြံသတ်ခိုင်းတော့တယ်။ကျမအမေက ကာကွယ်ပြီးထွက်ပြေးဖို့ကူညီခဲ့လို့ သတ်ခံခဲ့ရတယ်။ အရှင့်ရဲ့ခမည်းတော်က ဒီအကြောင်းတွေလုံးဝမသိခဲ့ဘူး နောက်ပြီး လုလုက အရမ်းအားနဲနေလို့ တောင်ပေါ်ဘုရားကြောင်းကိုတစ်လလောက်သွားရမယ်ဆိုပြီးပဲသိထားခဲ့တာ...။
အဲ့မှလုလုထွက်ပြေးရင်း ဝမ်ကတော်နဲ့တွေ့ဆုံခဲ့တယ်။ ဝမ်ကတော်က ကူညီပြီးဖွက်ထားပေးခဲ့တယ် အဲ့အချိန် ဝမ်ကတော်က ဝမ်အိမ်ရဲ့သခင်လေးကိုနေ့စေ့လစေ့ကိုယ်ဝန်လွယ်ထားတဲ့ချိန်။ လုလုက ဟောခဲ့တယ် ဒီကလေးက ယောက်ကျားလေးတစ်ဦးဖြစ်ပြီး ဘုန်တန်ခိုးကြီးမားတဲ့သူဖြစ်လာမှာဖြစ်သလို နောက်ထပ် သူ့ထပ်အဆပေါင်းများစွာဘုန်းတန်ခိုးကြီးတဲ့သူရဲ့ ကြင်ယာတော်ဖြစ်လာမဲ့ လမင်းဖြူလေးတစ်စင်းလို့...။ နောက်ရက်အနဲငယ်လောက်ကြာတော့ အရှင့်အဖွားရဲ့လူတွေက ဝမ်အိမ်နားထိရောက်လာကြတော့ ဝမ်ကတော်တို့ထိခိုက်မှာစိုးလို့ ထပ်ထွက်ပြေးပေမဲ့ အဖမ်းခံထိပြီး နှိပ်စက်ငြင်းပမ်းခံခဲ့ရတယ်။
ကျမသူ့ကိုသွားခိုးတွေ့တော့ သူမအသက်ကမျှော့မျှော့လေးသာကျန်တော့တယ် အဲ့အချိန်ကျမကိုမှာခဲ့တယ် ဝမ်ကတော်ရဲ့ကလေးကို အသက်နဲ့လဲကာကွယ်ပေးပါလို့...။ ကျမကတိပေးတော့မှ သူမကထွက်သွားနိုင်တော့တယ်။
ဒါပေမဲ့ ဝမ်အိမ်တော်မှာသားနှစ်ယောက်ရှိတော့ ဘယ်တစ်ယောက်မှန်းကျမမသိခဲ့ဘူး။

Missing....You!(Complete )Tempat cerita menjadi hidup. Temukan sekarang