Part (10)

2.5K 199 12
                                    

ရှောင်ကျန့် ထိုင်မရထမရဖြစ်နေရတယ်။ အကြောင်းက မနေ့ညကပေါက်စလေးကို သွားနမ်းမိခြင်းကြောင့်။ ဘာကြောင့်များထိုသို့နမ်းမိပါလိမ့်။

ယခုတွင်မူ ရှောင်ကျန့် ဝမ်ငယ့်အဆောင်ထဲ တွင်ဖြစ်သည်။ ဝမ်ငယ့်မွေ့ယာလေးပေါ်ထိုင်ကာ အကြိမ်ကြိမ်တောင်းပန်စကားလဲဆိုနေမိတယ်။

အကြောင်းရာကနှစ်ခု တစ်ခုက ဝမ်ငယ့်ကိုတောင်ငယ်ရွယ်သေးသည့်ခေါင်းစဥ်အောက်၌ တစ်ခါမျှနုတ်ခမ်းကိုမနမ်းခဲ့ဘူးပဲ ပေါက်စကိုနမ်းမိတာကြောင့် ဝမ်ငယ့်အပေါ်သစ္စာဖောက်သလိုဖြစ်ရခြင်းရယ် နောက်တစ်ခုက ဝမ်ငယ်မဟုတ်ပါပဲ ချိုယုလီနဲ့ နှီးနှောရမဲ့အဖြစ်ရယ်....

ကိုယ်တော်ဘယ်လိုလုပ်ရမလဲငယ်ရယ်။
တိုင်းပြည်ရဲ့မင်းတစ်ပါးအနေနဲ့ ခံစားချက်ထက်ပြည်သူကိုအလေးပေးရမယ်ဆိုတဲ့အတွက် ဖြစ်ချင်တာထက်ဖြစ်သင့်တာကိုလုပ်ရတော့မယ်။

အမတ်တွရဲ့ဖိအား ပြည်သူတွေရဲ့ဖိအား အဖွားတော်ရဲ့တောင်းဆိုမူ့ ကိုယ်မလွန်ဆန်နိုင်တော့ဘူး ငယ်ရယ်....

ငယ်မြင်နေရရင်ကိုယ်တော့်ကိုနားလည်ပေးပါ။ နောက်ပြီးလဲ သိပေးပါ ကိုယ်တော်ရဲ့ စိတ် ဝိဥာဏ် နှလုံးသား အားလုံးကို ငယ်သာပိုင်ပါတယ် အချစ်ရယ်.....

ဒီနေ့လဲ အရှင်မင်းကြီးကို ၁၂ ရွယ်ပုံရိပ်ယောင် ဝမ်ငယ်လေးက ပြုံးပြနှစ်သိမ့်နေဆဲ.....
.........................

"ဆရာ အခြေနေကဘယ်လိုလဲ...."

"အရင်က ငယ်လေးရဲ့အထိန်းတော်ကြီးကိုမှတ်မိတယ်မလား အရှင်..."

ရှောင်ကျန့်ခေါင်းငြိမ့်ပြလိုက်တယ်။ သူသိပ်မှတ်မိတာပေါ့ ခမည်းတော်ကိုယ်တိုင်ရွေးချယ်ထားပေးတဲ့အထိန်းတော်ပဲဟာ..။ ဝမ်ငယ်ကိုသိပ်ဂရုစိုက်သလို သိပ်လဲချစ်ရှာတာ...။

ဝမ်ငယ့်ကိစ္စတွေဖြစ်ပြီးသူလဲ စိတ်မကောင်းလွန်းလို့ထွက်သွားပါရစေတောင်းဆိုတော့ ခမည်းတော်ကခွင့်ပြုပေးခဲ့တာ...။

အဲ့နောက် ရှောင်ကျန့်စုံစမ်းတော့ အထိန်းတော်ကပျောက်ခြင်းမလှ ပျောက်နေခဲ့တာ....

"အထိန်းတော်ကြီးကပြောတယ် အရှင် ငယ်လေးသေဆုံးတာသွေးရိုးသားရိုးမဟုတ်ပါဘူးတဲ့။ နောက်ပြီး... ဟို...."

Missing....You!(Complete )Where stories live. Discover now