Part(11)

2.3K 211 9
                                    

ချိုယုလီ ရင်ထဲပျော်ရွှင်မူ့တွေကအတိုင်းဆမဲ့စွာ....
ရုတ်တရက်သူ့ခါးကိုဆွဲယူကာ ရင်ဘတ်က ဖဲကြိုးစီလှမ်းဆွဲဲဖြုတ်တဲ့အရှင့်ကြောင့် သူမရင်တွေခုန်ကာ ရှက်ရွံ့သွားရတယ်။
နောက်ဆုံးတော့ သူမဒီလူသားကိုပိုင်ဆိုင်ခဲ့ပြီပေါ့....

သို့ပေမဲ့သူမအပျော်တွေက အပေါ်ဝတ်ရုံတောင်မကျွတ်ခင်ပျက်စီးသွားခဲ့ရတယ်။

အကြောင်းက ရုတ်တရက်ကြီး သူမပုခုံးပေါ်မျက်နှာမှောက်ကာ ငြိမ်သက်သွားတဲ့အရှင့်ကြောင့်ပင်....

သူမပြာပြာသလဲ လူပ်နိုးသော်လဲ အရှင်က လူပ်ရှားခြင်းမရှိငြိမ်သက်စွာဖြင့်....

သူမတုန်လူပ်စိုးရိမ်စွာ အပြင်ကအထိန်းတော်တွေကိုအော်လို့ အကူညီတောင်းရတော့တယ်။
ကိုယ်ရံတော်တပ်တွေထဲကတစ်ယောက်ပွေ့ခေါ်သွားတဲ့မင်းကြီးကိုကြည့်ကာ သူမမျက်ရည်တွေကြွေကျလာရတော့တယ်။
...................

"လီယို....!!! မင်း...မင်းကြီးနန်းဆောင်ကိုအမြန်သွားရမယ်။ မင်းကြီးသတိလစ်သွားလို့တဲ့..."

လီယိုရပ်နေတဲ့ နတ်ခမ်းမအရှေ့ဘက်ကို အမောတကောပြေးလာပြောတဲ့အပျိုတော်ကြောင့် လီယိုရင်ထဲမီးစနဲ့ထိုးခံရသလိုပူလောင်နာကြင်ကာ စိုးရိမ်မူ့တွေမြင့်တတ်လာရတယ်။
အပြေးလွှားလေး အရှင့်နန်းဆောင်ဦးတည်ရတယ်။ ဘယ်လိုများဖြစ်ရတာလဲအရှင်ရယ် ကျနော့်ရင်တွေပူလိုက်တာ....

အိပ်ယာထက်မှာ မေ့မျှောနေတဲ့အရှင့်ကိုကြည့်ကာ လီယို မျက်ဝန်းကမျက်ရည်တွေကပြိုဆင်းလာခဲ့တယ်။

သမားတော်ပြောသွားတာတော့ စိတ်အရမ်းဖိစီးတဲ့အပြင် အိပ်ရေးတွေပျက် အစားသောက်တွေပျက်နဲ့ အားနဲသွားတာတဲ့....
ဘာတွေများ ဒီလောက်စိတ်ဖိစီးနေရတာလဲ အရှင်ရယ်....

သတိမရှိပါတဲ့အရှင့်ရဲ့ လက်သွယ်လေးတွေကိုဆုပ်ကိုင်ကာ လီယို ငိုကြွေးမိတယ်။
သတိရပါတော့အရှင်ရယ်......
.............

လီယို မိုးသောက်ချိန် အရှင့်ဆောင်ကပြန်ရောက်ချင်း ရဲမက်တွေဝင်လာကာ လီယို့ကိုဆွဲခေါ်သွားကြတော့တယ်။
ဘာကြောင့်မှန်းမသိတဲ့ လီယိုကလဲ ရုန်းကန်ရင်းပါသွားလေတယ်။

Missing....You!(Complete )Hikayelerin yaşadığı yer. Şimdi keşfedin