Part (17)

2.8K 221 8
                                    

"သားငယ်လေး...!! မားရဲ့သားငယ်လေး....။"

အရှင်က ရိပေါ်ကိုမြို့တော်ထဲပြန်ခေါ်ခဲ့ပြီး အရင်ဆုံးပို့ဆောင်ပေးခဲ့တာ ဝမ်အိမ်တော်ကိုပင်....

အကြောင်းစုံကိုသိရှိထားပြီဖြစ်တာကြောင့် မားကရိပေါ်ကိုမြင်တာနဲ့ ရင်ခွင်ထဲ တင်းကြပ်စွာထည့်လို့ ငိုတော့တာပဲ....

ရိပေါ်လဲမျက်ရည်မဆည်နိုင်ဖြစ်ရတယ်။ ဘယ်လောက်များ ဒီနွေးထွေးလွန်းတဲ့မားရင်ခွင်ထဲ မနေခဲ့ရတာလဲ...
.
သူထင်ခဲ့တာသူဟာမိဘမဲ့တစ်ယောက်မို့ ဆရာမကခေါ်ယူမွေးစားထားခဲ့သည်လို့ပင်...
သို့ပေမဲ့ ရိပေါ်ကမိဘမဲ့ဆိုပြီး သိမ်ငယ်စိတ်မဝင်အောင် ဆရာမကလိုလေသေးမရှိထားပေးခဲ့တဲ့အတွက် သူ့မိဘတွေကိုတော့ အရမ်းကြီးမတောင့်တမိခဲ့တာ....

အရာအားလုံးကိုပြန်မှတ်မိတဲ့နေ့မှာတော့ ရိပေါ်သေလောက်အောင်နာကြင်ပြီးအိမ်ကိုလွမ်းခဲ့ရတယ်။ ဒါပေမဲ့ နောက်ဆက်တွဲ သိပ်ချစ်ရတဲ့အရှင့်တွက်ငဲ့မိတော့ လီယိုဘဝနဲ့ပဲနေထိုင်ဖို့ဆုံးဖြတ်ခဲ့တယ်။

သိပ်ကိုချစ်တတ်လွန်းတဲ့အရှင်က သူ့ရဲ့ကိုယ်ပိုင်ရိပေါ်ဘဝကိူပြန်ရှာဖွေပေးခဲ့ပြန်တယ်။

ငြင်းဖို့မလိုတော့သလို ရိပေါ်ကိုယ်တိုင်ကလဲ မငြင်းချင်တော့ တစ်ကယ်လဲ လီယိုဆိုတာ ဝမ်ရိပေါ်ပဲလေ.....။

"ရွမ်းကောကော...."

"အငယ်လေးရယ်....."

မားစီကခွာလို့ မျက်ရည်တွေနဲ့ပြုံးကြည့်နေတဲ့ကောကောကိုခေါ်ကာ ကောရင်ခွင်ထဲတိုးဝင်လိုက်တော့ အငယ်လေးရာဆိုပြီး တင်းကြပ်စွာပွေ့ဖက်လို့ နဖူးလေးကိုနမ်းရိူက်တယ်....

ရွမ်းကောကောက ရိပေါ်ကို အရမ်းချစ်အရမ်းအလိုလိုက်ပြီး အရမ်းဂရုစိုက်တတ်တဲ့တစ်ဦးတည်းသောအကိုမို့ ရိပေါ်ကလဲ ကောကိုသိပ်ချစ်ရပါတယ်....

"ရှင်လေးကော..."

ရှင်းလေးကိုမေးတော့ ကောကောကမျက်နှာပျက်သွားတယ်။
နောက်ပြီးပြောပြတယ် ကောနဲ့ရှင်းလေးအကြောင်း....

ရှင်းလေးက သူသိရက်နဲ့နူတ်ပိတ်နေခဲ့တဲ့အကြောင်းဝန်ခံတော့ ကောကစိတ်ဆိုးတယ်တဲ့။

Missing....You!(Complete )Tempat cerita menjadi hidup. Temukan sekarang