Part(8)

2.2K 214 18
                                    

ရှောင်ကျန့် အိပ်မပျော်နိုင်ပေ။ စားပွဲပေါ်တင်ထားတဲ့ငွေစထုပ်လေးအားကြည့်ကာ သူ့အပြောတွေလွန်သွားလားတွေဝေမိတယ်။
သူ့ရင်ထဲမွန်းကြပ်နေတဲ့။ ပြောင်းလဲလာတဲ့သူ့ကိုယ်သူကြောင့်ပိုဆိုး လီယိုမျက်နှာလေးတွေ့ရင် သူလေးပြုံးနေရင် ဒါမှမဟုတ်မျက်နှာလေးများမကောင်းရင် ရှောင်ကျန့်ရင်ထဲထိပါ အမျိုးစုံခံစားနေရတာ....

တစ်ခြားမကြည့်နဲ့ သူ့မျက်နှာလေးပေါ်က လက်သည်းရာလေးကြောင့်တောင် ရှောင်ကျန့်ရင်တွေဘယ်လောက်ပူခဲ့ရသလဲ ဒါကြောင့်လဲ အဲ့အပျိုတော်ကို ဝမ်းနင်အားစေခိုင်းပြီး ကျွန်အဖြစ်ပို့ပစ်ခဲ့သည်မလား....

ဟုတ်တယ် ရှောင်ကျန့်မလွန်ဘူး ဝမ်ငယ်လေးသာ သူလီယိုအပေါ်အခုလိုတွေခံစားနေရတာသိရင် အရမ်းဝမ်းနဲနေမှာ...။
သူ့ကိုယ်သူဆင်ခြင်ပြီးနေရမယ်။ လီယိုကိုခပ်ကင်းကင်းနေရမယ်။ ဟုတ်တယ် လီယိုကိုလျစ်လျူရူ့လိုက်မှရမယ်....
..........................

လီယိုဆူညံသံတွေကြောင့် နတ်ခမ်းမထဲဝင်လာတော့ နတ်ခမ်းမကကောင်မလေးတွေက တဟီးဟီးနဲ့ ဝိုင်းအုံနေကြတာကြောင့် သူပါသွားကြည့်တော့ နတ်ခမ်းမသုံးပစ္စည်းမျိုးစုံ အသစ်စက်စက်တွေကို သေတ္တာနှစ်လုံးနှင့်အပြည့်ဖြည့်ကာယူလာတဲ့ ရှောင်ပိုင်ဆိုတဲ့ မင်းသား....

လီယိုကိုတွေ့တော့ ပြုံးပြကာအနားတိုးလာလေတယ်...

"လီယို ကိုယ်ပစ္စည်းတွေလာကို့ပေးတါ လီယိုကြိုက်ရဲ့လား..."

"မခံယူဝံ့ပါဘူး မင်းသား နတ်ခမ်းမ မှာပစ္စည်းအစုံလင်ရှိပါတယ်။"

"အဟောင်းတွေပစ်လိုက်ပြီး ကိုယ်ပေးတါသုံးလေကွာ...နော်... ။"

ကလေးဆိုးကြီးလိုချွဲနွဲ့ကာပြောနေတဲ့မင်းသားကြောင့် လီယိုအားနာစွာခေါင်းငြိမ့်လိုက်ရတယ်။ မင်းသားဆိုတော့လဲ ဘယ်လိုအားအင်နဲ့ငြင်းရမည်နည်း။

အမှန်ဆို ဒီဟာတွေလီယိုဘယ်လိုသုံးရမလဲမသိသလို သူကနတ်ဆရာလဲမဟုတ်ပေ။ ဆရာမစီမှာသာနေတာ နတ်ကိစ္စတွေလီယိုတစ်ခုမှနားမလည်သလို ဆရာမကလဲမသင်ပြဘူး။ လီယိုကိုဆရာမက သခင်လေးတစ်ဦးလိုထားတာကြောင့် အားတောင်နာခဲ့ရသေးတယ်။

Missing....You!(Complete )Tempat cerita menjadi hidup. Temukan sekarang