Part (1)+(2)

4.9K 268 14
                                    

တဖွဲဖွဲကျဆင်းနေတဲ့ နှင်းတွေကိုလက်လေးဖြင့်ခံယူကာ ရှောင်ကျန့်ငေးနေမိတယ်...
ဒီနှင်းတွေကို တစ်စုံတစ်ယောက်က သိပ်ကြိုက်တာ...နောက်ပြီး ထိုလူသားလေးက အအေးလဲမခံနိုင်ဘူးတဲ့....

တမေ့တမောငေးကာတွေးရင်း မျက်ဝန်းတွေကိုအသာမှိတ်ချလိုက်တော့ ပါးပြင်ထက်နွေးထွေးစွာစီးကျသွားတော့ မြစ်နှစ်ဆင်း....

သူရပ်နေတဲ့ ရေကန်အလယ်က တံတားရှည်ရဲ့ခပ်လှမ်းလှမ်းမှာတော့ အထိန်းတော်ကြီးနဲ့ အပျိုတော် တစ်စီတစ်တမ်းက ခေါင်းအသာငုံ့လို့ရယ်။
ဒီလိုနှင်းတွေကျချိန်တိုင်း သူတို့ဘုရင်လေးက ဒီလိုပူဆွေးတတ်သူမို့ သူတို့လဲ စိတ်မကောင်းဖြစ်ရုံမှအပါး.......

"၁၀ နှစ်တောင်ရှိသွားပြီနော် ဝမ်းနင်....။"

ဘေးမှာရပ်နေတဲ့ တော်ဝင်ကိုယ်ရံတော် ဝမ်းနင်ကို ရှောင်ကျန့်ပြောတော့ ဝမ်းနင်က ခေါင်းတစ်ချက်သာ ငြိမ့်ပြတယ်။

ဝမ်းနင်က ရှောင်ကျန့်နဲ့ငယ်ပေါင်းကြီးဖော်တွေ။ တစ်ကယ်တမ်းတော့ အကိုတော် ရှောင်းပိုင် ဝမ်းနင် ဝမ်ဟောက်ရွမ်း ဆိုတာ ငယ်စဥ်ကတည်းက ခင်မင်သိကျွမ်းလာသူတွေ....

ဝမ်ဟောက်ရွမ်းက အကိုတော်နဲ့ရွယ်တူဖြစ်ပြီး ငယ်စဥ်ကတည်းက ရှောင်ကျန့်ကိုစာပြပေးတဲ့ ဆရာပင်...

"အရမ်းအေးတာမို့ အိပ်ဆောင်ပြန်သင့်ပြီ မင်းကြီး..."

ဝမ်းနင်က ယတိပြတ်ထိုတစ်ခွန်းကိုခေါင်းငုံ့လျက်ဆိုတယ်။

"နှစ်ယောက်တည်းရှိရင် ရှောင်ကျန့်လိုခေါ်ပါဆိုကွာ...."

အားမလိုအားမရ ရှောင်ကျန့်ကဆိုတယ်။
ဝမ်းနင်က သိပ်ပြီးတည်ငြိမ်အေးစက်လွန်းတယ် ငယ်ကတည်းက...

"မသင့်တော်ပါဘူးမင်းကြီး...."

"သဘောပဲကွာ သဘောပဲ..."

သက်ပြင်းချကာ စူပုတ်စွာလှည့်ထွက်သွားသော မင်းကြီးကိုကြည့်ကာ ဝမ်းနင်မျက်နှာမှာအပြုံးတစ်ခုဖြစ်ပေါ်တယ်။

အထိန်းတော်ကြီးကထီးမိုးပေးနေသော်လဲ ခြေတံရှည်ကြီးနဲ့ ဂရုမစိုက်စွာထွက်ခွာသွားတဲ့ အရှင်မင်းကြီးနောက်သို့ ဒရောသောပါး လိုက်နေခဲ့တဲ့ အခြွေရံတစ်စီတစ်တန်း.....

Missing....You!(Complete )Où les histoires vivent. Découvrez maintenant