Part (6)

2.4K 208 7
                                    

မင်းကြီးရဲ့ဝတ်ရုံတော်ကို ဝတ်ပေးနေတဲ့အထိန်းတော်ကြီးက မင်းကြီးမျက်နှာကိုခိုးခိုးကြည့်နေခဲ့တယ်...

"ကဲ အထိန်းတော်ကြီး ပြောစရာရှိလို့လား..."

စိတ်မရှည်ဟန် မင်းကြီးကဆိုလိုက်မှ အထိန်းတော်ကြီးက စပ်ဖြဲဖြဲမျက်နှာဖြင့်....

"အရှင့် မျက်နှာတော်က ဒီနေ့လင်းဝင်းတောက်ပနေလို့ပါ...။ ခုတလော အိပ်ရေးဝလို့နေမယ်။ မယ်မယ်ကြီးအစီရင်က စွမ်းသားနော်အရှင်..."

အထိန်းတော်ကြီးစကားကြောင့် မင်းကြီးတွေးစစဖြစ်သွားတယ်။
ဟုတ်သည် ဒီကုန်လွန်သွားတဲ့၁၀ရက်တိတိမှာ သူညဘက် အိမ်မက်ဆိုးတွေကြောင့်လန့်မနိုးတော့ဘူး။
အရင်ကဆို အိမ်မက်ဆိုးတွေကြောင့် သူဘယ်တော့မှ အိပ်ရေးဝခဲ့တယ်ဆိုတာမရှိခဲ့ဘူး...။ အခုတော့....

ရှောင်ကျန့်သက်ပြင်းချမိတယ်။ လီယိုက တစ်ကယ်ပဲဘာလဲ...။ ဝန်မခံချင်ပေမဲ့ ဒီကလေးနဲ့ဆုံတိုင်း သူ့ရင်ထဲတစ်မျိုးဖြစ်ရတယ်။

ဒါပေမဲ့ စရောက်လာတဲ့နေ့ကလွဲဲပီးကျန်ညတွေတော့ ဒီကလေးမျက်နှာသူမတွေ့ရဘူး ဘာကြောင့်လဲဆိုတော့ အိပ်ပျော်သွားလို့ ဒါကြောင့်လာတဲ့အချိန်လဲမသိသလို ပြန်သွားတဲ့အချိန်လဲမသိဘူး။

နောက်ပြီး လီယိုစရောက်မဲ့ညကစပြီး တော်ဝင်သမားတော်က ဘွားတော် အမိန့်နဲ့ အားဆေးဆိုပြီးပို့တာတွေသောက်နေရတာကြောင့် လူက အိပ်ချင်စိတ်သာကြီးစိုးနေခဲ့တာ...

ငယ့် ကိစ္စတွေပြန်အစပျိုးနေတာကြောင့် လူလဲပင်ပမ်းစိတ်လဲနွမ်းနေရတယ်။ ရေရာမူ့ကတစ်ခုမှမရှိလို့။ ကျိုးမိန်ရောက်တဲ့အချိန်ကဆင့်ခေါ်တွေ့တော့လဲ အရာအားလုံးအရှင့်လက်ထဲမှာပါပဲတဲ့။ စုံစမ်းရေးမှာ သူကူညီနိုင်တာရှိရင်တော့ ပြောပါဆိုပဲ ဒါပေမဲ့ သူ့ကိုယခုလိုလူသိရှင်ကြားဆင့်ခေါ်မတွေ့ပါနဲ့ သတိကြီးကြီးထားသင့်တယ်ဆိုပြီးပဲပြောသွားခဲ့တာ...

ဘာတွေလဲ ဝမ်ငယ်ကိစ္စကထင်ထားတာထက်ပိုရူပ်ထွေးနေခဲ့တာပဲ....
..................

"ဝေ့... မင်းကြီးဘုရား...."

"ပိုင်ကော...!! ဘယ်တုန်းကမြို့တော်ကိုရောက်တာလဲ..."

Missing....You!(Complete )Onde histórias criam vida. Descubra agora