Prologue (Z and U)

2.1K 236 14
                                    

(Unicode)

ကျန်းရီရှင်းက အသက် ၂၀အရွယ်မှာ
ရဲအကယ်ဒမီကို စတင်ဝင်ရောက်လာခဲ့တယ်။
သူက ကိုရီးယားနိုင်ငံသားအဖြစ် ခံယူခဲ့ပြီး
တာဝန်ထမ်းဆောင်ဖို့အတွက် အရင်ကတည်းက ဆုံးဖြတ်ချက်ချခဲ့တာဖြစ်တယ်။

အမှန်တော့သူက အရမ်းသွက်လက်နေတာမျိုးမဟုတ်ဖူး။ တိုက်ရည်ခိုက်ရည်‌ကောင်းတာကလွဲရင် ဟိတ်ကြီးဟန်ကြီးမရှိတဲ့ ခပ်အေးအေး လူငယ်ကလေးပဲဖြစ်ခဲ့တယ်။
တစ်စုံတစ်ယောက်နဲ့ မဆုံခင်အထိပေါ့။

ဆိုးလ်မှာ ရှိတဲ့ ရဲအကယ်ဒမီရဲ့ လေ့ကျင့်ရေးရက်တွေမှာ သူဘဝထဲ စတင်ဝင်လာတာက
မျက်နှာထားတည်တည်နဲ့ နားလည်ရခက်တဲ့
သူ့ရဲ့အခန်းဖော်ပါပဲ။ သူကိုယ်တိုင် အေးဆေးပေမဲ့ ဒီလောက်ထိ လူမှုရေးခေါင်းပါးတဲ့ကောင်လေးမျိုးကို သူကြုံဖူးတာ ပထမဆုံးဖြစ်တယ်။ ဒါကြောင့် သူက အခန်းဖော်ကိုစိတ်ဝင်စားခဲ့ပြီး ထူးထူးဆန်းဆန်းပဲ
ခေါင်းမာတဲ့ အခန်းဖော်က သူနဲ့တော့
အဆင်ပြေပြေရှိနေကြတယ်။ အမှန်တော့
သူ့ဘက်က မျက်နှာလိုမျက်နှာရ လိုက်ကပ်နေတာလည်း ပါပါလိမ့်မယ်။

လူငယ်လေးနှစ်ယောက်ရဲ့ လေ့ကျင့်ရေးရက်တွေက ပျော်စရာတွေရှိခဲ့ပြီး သူတို့ချင်း
နားလည်လာခဲ့ပြီးတဲ့နောက် အဆင့်တွေပိုလာမိခဲ့ကြတယ်။ ရဲ အကယ်ဒမီရဲ့ သတ်မှတ်ချက်မှာ မချစ်ရဘူးဆိုတာမပါဘူး။ လူတစ်ယောက်ရဲ့ လွပ်လပ်ပိုင်ခွင့်အရ မင်းသဘောကျတဲ့သူက လက်ခံရင် နှစ်ဦးသဘောတူ လက်တွဲလို့ရမယ်။

လေ့ကျင့်ရေး နှစ်နှစ်တာကာလအပြီးမှာ
သူတို့နှစ်ယောက်က လက်စွပ်ဆင်တူတွေပါ
ဝတ်တဲ့အထိ တရားဝင်လာခဲ့ကြတယ်‌‌ ‌‌ေပါ့။
အံ့ဩစရာ ကောင်းစွာပဲ တာဝန်ကျနေရာတွေ တောက်လျှောက်တူခဲ့တာမို့ ချစ်ခရီးလမ်းက
ပျင်းချိန်မရှိအောင် အချိန်တွေကုန်ခဲ့ကြတယ်။

ထူးချွန်တဲ့ ကျန်းရီရှင်းက ရာထူးတွေဆက်တိုက်တိုးလာခဲ့ပြီး အမှုလိုက်တိုင်း ပြဿနာတွေရှာတဲ့ ‌သူ့ချစ်သူကတော့
အမြဲ သူ့လက်ထောက်ပဲဖြစ်နေခဲ့တယ်။
နှစ်ယောက်သားက အမှုဖြေရှင်းရေးတွေ
အတူလုပ်ခဲ့ကြပြီး ထိခိုက်မှုအသေးစားတွေအခါခါကြုံခဲ့ကြပေမဲ့ နှစ်ယောက်အတူမို့ အများကြီးဖြတ်ကျော်လာခဲ့ကြတယ်။

CASE NO 1001 (COMPLETED)Where stories live. Discover now