Zawgyi
ထုံနေသော ခြေထောက်တို့က ဘယ်လောက်ကြာအောင် ကြမ်းပြင်ထင် ထိုင်နေသည်ဆိုတာ ပြောပြလို့နေပြီး အေးစက်နေသော အခန်းတွင်း အနေအထားကြောင့် အပူပေးစက်ဖွင့်ဖို့ အာရုံ မရနေတဲ့ ဂျွန်မြောင်က အနည်းငယ် ချမ်းတုန်လို့လာသည်။
ညတုန်းက ဆေးလိပ်သောက်ထားပုံရတဲ့ ရီရှင်းက ပြတင်းပေါက်တွေ ပိတ်ထားခဲ့ပုံပဲ။
တစ်ညလို့ တစိမ့်စိမ့် ဝင်လာနေတဲ့လေအေးတွေက အိမ်တစ်ခုလုံး ပြည့်နှက်ကာ မနက်အလင်းဖျော့နဲ့အတူ ပါလာတဲ့ နှင်းမှုန်တချို့ကြောင့် တချို့နေရာလေးတွေမှာ စိုစိစိပင်ဖြစ်လို့နေပြီ။ပြန့်ကျဲနေတဲ့ ပစ္စည်းတွေ ၊ အစိတ်စိတ်အမွှာမွှာ ကွဲကြေနေတဲ့ ဖန်ကွဲစတွေ၊ နောက်ပြီး တစ်နေရာဆီဖြစ်နေတဲ့ သူဝယ်လာသော အထည်နှစ်ခု။ ဂျွန်မြောင်က ငူငူငိုင်ငိုင်ငေးကြည့်နေပြီး သူဘာတွေတွေးနေမိလဲ ဆိုတာ ကိုယ်တိုင်တောင် မသိတော့ပါသလို။ စိတ်နဲ့လူမကပ်သလိုမျိုး ဖြစ်လို့နေတော့သည်။
မနေ့က ရီရှင်းထွက်သွားကတည်းက သူဒီနေရာမှာထိုင်နေခဲ့တာ။ အစပိုင်း ဘယ်လိုတွေ နားလည်အောင် ရှင်းပြရမလဲတွေးနေပေမဲ့ တဖြေးဖြေးနဲ့ တကယ်များ မုန်းသွားရင်ရောဆိုတဲ့ အတွေးတွေကို တိုက်ထုတ်ရင်း သူ့အချိန်တွေ ကုန်လာခဲ့သည်။ ငိုလို့မရ အော်လို့မရ ၊ ရင်ထဲမှာ တင်းကြပ်လွန်းနေပြီး ဘာမှလည်း မရှိသလိုမျိုး တပြိုင်နက် ခံစားလို့နေရသည်။
မနေ့က သူ့ကို ထောက်လှမ်းရေးမှူးချုပ်ရဲ့
အိမ်ကနေ ခေါ်သွားခဲ့တာဖြစ်ပြီးတော့
ဂျွန်မြောင်မိသားစု အကြောင်း ခြိမ်းခြောက်ကာ ရီရှင်းကို ဓားစာခံလုပ်ထားကြောင်းပြောခဲ့၏။ လက်ရှိ အခြေအနေမှာ ရီရှင်းပါလာတာဟာ ကောင်းသော ပါလာခြင်း မဟုတ်ဖူးဆိုတာ သိနေတဲ့ လူညစ်ပတ်တွေက ဂျွန်မြောင့်ရဲ့ အစ်ကိုကို ဆက်သွယ်ပြီး ရှင်းပစ်ခိုင်းဖို့ ရည်ရွယ်ထားတာ ဂျွန်မြောင်အသိ။ကြေးစား လူသတ်ပေးတဲ့ သွေးစွန်းနေတဲ့
မိသားစုကနေ သူထွက်ပြေးလာခဲ့ပေမဲ့
သူ့ကံကြမ္မာက ကြာကြာ မျက်နှာသာ မပေးဘူးထင်ပါသည်။ အချစ်ရဆုံး ယောက်ျားရဲ့ အသက်က သူ့မိသားစု လက်ထဲကို ရောက်လာခဲ့သည်။
YOU ARE READING
CASE NO 1001 (COMPLETED)
Fiksi PenggemarCaptain ဒီတစ်ခါ ငါ့ကို မလွတ်စေနဲ့တော့နော် မင်းဆီကနေ တစ်ခုခု ခိုးထားလိုက်ပြီးပြီ