Unicode
ဈေးဝယ်စင်တာ အတွင်း၌ ပိတ်ရက်ဖြစ်၍
လူစည်ကားလျက်ရှိကာ အမျိုးမျိုးသော
ခေတ်ပေါ်ဂီတ သံများက ပျံ့လွင့်လို့နေသည်။ ဂျွန်မြောင်က ဂွမ်းအနွေးထည် အပြာရင့်ကို သေချာစွဲစိလိုက်ပြီး ခေါင်းဆောင်းထားတဲ့ ဦးထုပ်ကို ဆွဲချွတ်လိုက်သည်။ ခပ်ပွပွဖြစ်သွားသော ဆံပင်များကို
သေချာ ပိနေအောင်ဖိလိုက်ပြီး စက်လှေကမှတဆင့် အပေါ်ထက်တက်လာခဲ့သည်။စုံလင်သော အထည်ဆိုင်များက ကျားမမရွေး
အရောင်သွေးမျိုးစုံနှင့် ဝယ်ယူနိုင်အောင်
ဆွဲဆောင်လျက်ရှိကာ ဆိုင်တိုင်းမှာလည်း သူ့ဝယ်သူနဲ့ သူ ပြည့်နှက်လို့နေသည်။
ဂျွန်မြောင်က အေးဆေးလျှောက်လာခဲ့ပြီး
အမျိုးသားဝတ် အထည်ဆိုင်ကိုတွေ့မှ ဝင်လိုက်သည်။ပစ္စည်းပြရန်လာသော ဝန်ထမ်းအား
အသာငြင်းကာ သူကိုယ်တိုင်ပဲ ပတ်ကြည့်နေတဲ့ဂျွန်မြောင်။ အနွေးထည်များ ၊ စပို့ရှပ်များ နှင့်အခြားသော အထည်ပေါင်းများစွာ။ သူဝင်ခဲ့တဲ့ဆိုင်က အလယ်လတ်တန်းစား အထည်ဆိုင်ဖြစ်ပြီး ဝယ်သူလည်းများတာကြောင့် ဝန်ထမ်းတွေလည်း လက်မလည်။ဂျွန်မြောင်က ဆိုင်ကို တစ်ပါတ်လောက် ပတ်ကာကြည့်နေရင်း အမျိုးသား အတွင်းဝတ်အထည်တန်းမှာ ရပ်တန့်လို့သွားသည်။
သူက ကောင်းရာနိုးနိုးတံဆိပ်များကို ကြည့်ရင်း သူလိုချင်သောဆိုဒ်ကိုပါ ရွေးချယ်နေရတာကြောင့် မိနစ်အနည်းငယ်ပင် ကြာသွားသေးသည်။ဈေးအတန်ကောင်းသော အတွင်းခံတံဆိပ်ကိုတွေ့တာကြောင့် တဆက်ထဲ အရောင်ပါရွေးရပြန်တဲ့ ဂျွန်မြောင်။ ကျန်းရီရှင်းက တကယ့်ငပေ။ သူ့တစ်ကိုယ်ရည် သန့်ရှင်းရေးနဲ့ ပက်သတ်ပြီး ဂျွန်မြောင်က မကြာခဏ ဂရုစိုက်ပေးနေရသည်။ အလုပ်ပဲ ခေါင်းထဲရှိတဲ့လူက
အဝတ်အစားကို သိပ်ဂရုမစိုက်တတ်။ဘူဆန်မှာ တာဝန်ကျတုန်းက တစ်ချိန်လုံး
အမှုလိုက်ဖို့ အာရုံများကာ ကိုယ်မှာ အဖုများပေါက်သည်အထိ ဖြစ်လို့ ဂျွန်မြောင်ဆေးခန်းအတင်းပို့ခဲ့ရသေးသည်။ဂျွန်မြောင်က ခဲရောင် နှင့် နက်ပြာရောင်
အတွင်းခံဘူးနှစ်ခုကို ကိုင်ရင်း ပြုံးမိသေး၏။
ဒီလူက တကယ်နမော်နမဲ့နဲ့ အူကြောင်ကြောင်လူဆိုတာ သူ့ထက်ပိုပြီး သိနိုင်တဲ့လူရှိမည်မထင်။ ရည်းစား ဘဝမှာလဲ သူ့အလုပ်နဲ့သူ
ပြာယာခတ်နေတဲ့ကြားကနေ ဂျွန်မြောင်ကို
ပလီပလာတွေပြောဖို့ အားထုတ်တတ်သေးသည်။
YOU ARE READING
CASE NO 1001 (COMPLETED)
FanfictionCaptain ဒီတစ်ခါ ငါ့ကို မလွတ်စေနဲ့တော့နော် မင်းဆီကနေ တစ်ခုခု ခိုးထားလိုက်ပြီးပြီ