Unicode
ဂျယ်ဂျူရဲ့ အလှတရားက ကောင်းကင်ပြာပြာအောက်မှာ လှချင်တိုင်းလှနေပြီး
ကမ်းစပ်နားရှိ ရွာငယ်တို့၌ မူ လုပ်ငန်းခွင်များက ပိုမိုကျယ်ပြန့်လို့နေကြသည်။ရာသီဥတုသာယာပြီး မိုးလေကင်းစင်တာကြောင့် ငါးဖမ်းလှေများ ပိုမို အလုပ်ကောင်းကြကာ ရေငုပ်သမားများလည်း အလုပ်ရှုပ်လို့နေကြ၏။ သို့သော်လည်း မိုးနှင့်ဆောင်းအကူး ကာလလေးသာဖြစ်ပြီး ရက်အနည်းငယ်အတွင်းမှာပဲ နှင်းများဖွေးနေသော ပတ်ဝန်းကျင်ကို မြင်ရမည်ဖြစ်သည်။
ရီရှင်းက အပြာရောင်ဝတ်စုံပြည့်နှင့် သူ့ဘေးကလူကို တစ်ချက်ကြည့်ရင်း ပြုံးလိုက်မိသည်။ လက်ကမ်းစာဆောင် တစ်ရွက်ကို ကိုင်ထားပြီး တဖျတ်ဖျတ်ခတ်နေသူက ပူလွန်းလို့ မျက်နှာဖွေးဖွေးဟာ ရဲတွတ်လို့နေသည်။ ဦးထုပ်ဆောင်းထားပါသည့်တိုင်
နေရောင်ဖျာကျမှုကြောင့် နှုတ်ခမ်းရဲရဲထက်က မှဲ့နက်ကလေးကို ပိုသိသိသာသာမြင်ရစေသည်။ ထို့ပြင်နှုတ်ခမ်းထက် ချွေးသီးကလေးများတွဲခိုနေပါသေးသည်။သူတို့ တာဝန်ကျရာရွာက တကယ်တော့
အလုပ်သိပ်မရှိသည့်နေရာပင်။ ရွာငယ်လေးငါးခုစုထားသော နယ်မြေအတွက် တာဝန်ယူရသောနေရာဖြစ်ပြီး သူတို့လူသစ်နှစ်ယောက်ပေါင်းမှ သန့်ရှင်းရေးအပါအဝင် ဆယ်ဦးမပြည့်။ ငါးဖမ်းတဲ့ရွာတွေမို့ ကမ်းခြေစစ်ဆေးရေး လှည့်ရုံကလွဲရင် ဘာမှ လုပ်စရာမလို။သို့သော် ခရီးကျွံလာကြသူတချို့က သဘာဝကျောက်ဆောင်များကို ကြည့်ရန်လာတတ်သည်မို့ ဆိုင်ခန်း တချို့တော့ရှိသည်။
ရီရှင်းက တစ်ခါတစ်လေတော့ ဆိုင်ခန်းမှ
လက်ကမ်းစာဆောင်များ ယူလာကာ ကမ်းခြေက ဧည့်သည်များကို ဝေပေးလေ့ရှိသည်။ ပင်ပန်းသော အလုပ်မဟုတ်သော်ငြား
ဆိုင်ရှင်များက သဘောကျတာ ဟင်းအပိုများပေးတတ်ကြသည်မို့လား။ဂျွန်မြောင်ကတော့ လူတွေရှေ့မှာ အမြဲမျက်နှာတည်နှင့်ပင်။ သူတို့တွေက ဒီကောင်လေးကို ချောမောလို့ စကားပြောချင်ကြပေမဲ့
အမြဲဆူပုတ်နေသလိုမျက်နှာထားကြောင့်
အနားမကပ်ရဲကြ။ ဒီအဆိုးအပေလေးကလည်း လူစုလာတာနှင့် ခပ်ဝေးဝေးမှာသွားနေကာ လူကြားထဲ ရီရှင်း အာကျယ်အာကျယ်ပြောသမျှကို ခပ်လှမ်းလှမ်းမှ ကြည့်နေတတ်သည်။
YOU ARE READING
CASE NO 1001 (COMPLETED)
FanfictionCaptain ဒီတစ်ခါ ငါ့ကို မလွတ်စေနဲ့တော့နော် မင်းဆီကနေ တစ်ခုခု ခိုးထားလိုက်ပြီးပြီ