Part-3 (Z and U)

678 151 5
                                    

Unicode

ပဏာမ လေ့ကျင့်ရေး ခြောက်လတာသည် လျှင်မြန်စွာ ပြီးဆုံးသွားခဲ့ပြီး သင်တန်းသားတွေဟာ လက်တွေ့ ကွင်းဆင်းရေးအတွက်
သက်ဆိုင်ရာ နေရာတွေဆီ တာဝန်ထမ်း‌ဆောင်ရန် ချမှတ်ခံခဲ့ကြသည်။

သင်တန်းဆင်းပွဲ၌ကား ညီညာသော
သင်တန်းသားတို့၏ သစ္စာအဓိဌာန်ပြုမှုသံ
တို့ပြည့်နှက်လျက် နယ်မြေသတ်မှတ်‌မှု
စာရင်းကို ရင်ခုန်စွာ စောင့်ဆိုင်းနေကြရသည်။

အကယ်ဒမီ ပင်မ အဆောက်အအုံ၏
ကြီးမားလှသော နံရံ၌ ကြေညာချက်များ
ကပ်ပြီးနောက် လူများအုံခဲလာပြီး တာဝန်ကျ
နေရာတူသော သင်တန်းသားများက ပြုံးပျော်ကာ စနောက်လို့နေကြတော့သည်။
ရီရှင်းက သူ့နာမည်ကို တိုးကျိတ်ရှာလိုက်ရင်း
တခြားနာမည်တစ်ခုကိုပါ မျက်စိက အတင်းရှာဖွေနေတော့သည်။

လူအတိုးအကြိတ်တို့ကြောင့် သူ့ဝတ်စုံက
တစ်ခဏအတွင်း တွန့်ကြေလို့သွားပြီး
ကျောနှင့် ခါးတစ်ဝိုက်တို့သာလည်း ဟိုက
တံတောင်နဲ့ထိုး ဒီက ခြေထောက်နဲ့တိုင်နှင့်
နာကျင်လို့နေပါတော့သည်။

မျက်နှာနဲ့ ကြေညာစာရွက် ကပ်သွားတော့ မတတ် အနေအထားမှာ ရီရှင်းဟာ သေချာထိန်းလိုက်ရပြီး အလျား ခြောက်ပေနီးပါး ရှိသော စာရွက်ကြီးတစ်လျှောက် နာမည်များကို သေချာရှာရသည်မျာ ရေချိုးထားသလို
ချွေးများရွှဲနစ်လို့နေသည်အထိပင်။

သိမ်းငှက်တစ်ကောင်မလား စူးရဲသော မျက်ဝန်းများက ‌တစ်နေရာ အရောက်မှာတော့ ရပ်တန့်လို့သွားကာ ထင်ရှားသော ပါးချိုင့်ကလေးများက သူ့ပါးပြင်ထက်
တွဲခိုနေရာယူလို့လာတော့သည်။

လူအုပ်ကြားထဲက အတင်းတွန်းထိုး ထွက်လာသည့် သူ့ကို ကြိတ်ဆဲရေးနေတာတွေ ကြားနေပေမဲ့ ဂရုမစိုက်မိ။ ပြုံးရွှင်နေသော
လူငယ်လေးက ဝေလငါးတစ်ကောင် ရေဆန်တက်နေသလိုမျိုး အားမာန်အပြည့်နှင့်
ထိုးထွက်လို့လာခဲ့‌သည်။

လေတဝကြီး မျက်နှာကို ဖြတ်တိုက်သည်အထိ သူလူအုပ်ကြားထဲက လွတ်မြောက်လာချိန်မှာတော့ အိုအေစစ်ငယ်လေးပမာ
အေးချမ်းတဲ့ ပုံရိပ်တစ်ခုက ခပ်လှမ်းလှမ်း ခုံတန်းတစ်ခုမှာ သူ့ကို မျက်နှာချင်းဆိုင် ထိုင်လျက် ကြည့်လို့နေသည်။ ပြုံးရွှင်နေခြင်း မရှိပါသော်ညား ကြည်လင်သော မျက်လုံးတွေ၊
ကျစ်လျစ်တဲ့ ကိုယ်အနေအထားက ဝတ်စုံရဲ့
ရဲ့ရင်မှုကိုပင် သိမ်မွေ့သွားစေသယောင်။

CASE NO 1001 (COMPLETED)Where stories live. Discover now