Part-6 (Z and U)

624 137 2
                                    

Unicode

တင်းမာနေသော မျက်နှာထားသည်
ငုံ့ထားသည့်တိုင် ထင်ရှားသည့် မေးရိုးများကြောင့် ဘေးလူများအတွက် သိသာလွန်းနေသည်။ ခေါင်းပုံဖြတ် သမားတွေစုနေတဲ့
ဒီ အစည်းအဝေးခန်းမကာ ပေါက်ပန်းလေးဆယ် အဆင့်အတန်းတို့ဖြင့်သာ ပြည့်နှက်လျက်။

ရွှေရည်စိမ် တရားစီရင်မှု ကဏ္ဍဟာ
ပျက်ပြားသထက် ပျက်ပြားလာပြီး
သူတန်ဖိုးထားရသော အလုပ်ကို တဖြေးဖြေးနဲ့ စိတ်ကုန်လာရတဲ့ အကြောင်းရင်းတစ်ခုဖြစ်လာသည်။

ဟိတ်ကြီးဟန်ကြီးများနှင့် လှူတန်းတဲ့
ငွေမည်းတွေက အခြေခံလူတန်းစားများရဲ့
မျက်ရည်တွေ ချွေးတွေနဲ့ ပြည့်နှက်နေပြီး
စက်ဆုပ်စရာ ကောင်းသော ငွေဖြူလဲလှယ်ရေးစနစ်တစ်ခုနှင့်မခြားနား။

ရွံစရာကောင်းသော အခန်းမှာ သူနည်းနည်းမှ မနေချင်ပေမဲ့ နောက်ကွယ်က အဓိကလူဟာ
ဘယ်သူလဲ မသိမချင်း သူ့ကိုယ်သူ အရောင်ဆိုးထားရအုန်းမည်မဟုတ်လား။
ဝတ်ထားသော ဝတ်စုံပြည့် အင်္ကျီသည်ပင်
စောက်အဓိပ္ပာယ်ရှိမနေ။

မီဒီယာတွေပေါ်က မျက်နှာထားလှလှတွေရဲ့
အကျည်းတန်မှုတွေက သူ့အနားမှာ ပတ်လည်ဝိုင်းလို့နေသည်။ နိုင်ငံကျော်
သတင်းဌာနမှူး ၊ ကလေးဈေးကွက်ရဲ့ အဓိကလူ ၊ အကောက်ခွန်ဌာနရဲ့ ဝန်ကြီး အစရှိတဲ့
လူကုံထံ ၊ လူရည်မွန်တွေက လူငါးယောက်သတ်ထားတဲ့ ဓားပြမှုတစ်ခုကို အမြန်ပြီးသတ်စေချင်နေပြီး ထောက်လှမ်းရေးဌာနရဲ့
ဝန်ကြီးချုပ်ကိုပင် သူတို့ရှေ့မှာ ခေါင်းငုံ့စေသည်အထိ စွမ်းဆောင်နေကြသည်။

"ဒီနယ်မြေထဲမှာ မင်းလူကောင်းဖြစ်လို့ မရဘူး" ဆိုတဲ့ စကားကို သူအလေးစားရဆုံး ဝန်ကြီးဆိုတဲ့ ပုဂ္ဂိုလ်ဆီက ကြားခဲ့ရပြီး
မှန်ကန်လှပါတယ်ဆိုတဲ့ ရီရှင်းကိုပင်
စက်ဆုပ်စရာ လောကကြား ခေါ်ဆောင်လာခဲ့သည်။ သူတို့ကပဲ ကျားမြှီးနင်းမိသလား ၊ ရီရှင်းကပဲ သိုက်တူးမိသလား။ သားရဲတွင်းဟာရွံစရာ သတ္တဝါတွေနဲ့ ပြည့်နေပြီး သူကတော့ ဂုတ်ကနေ မိမိရရ ဆွဲဖမ်းချင်‌သူဖြစ်သည်။

ညစ်ညမ်းတဲ့ တွေ့ဆုံပွဲဟာ စောက်ရေးမပါတဲ့
တောင်စဉ်ရေမရ စကားတွေနဲ့ ပြီးဆုံးသွားပေမဲ့ များပြားလှတဲ့ ဂဏန်း၊ငါး၊ဂျင်ဆင်း အမည်တပ်ထားကာ လဲလှယ်သော ပုံးကြီးပုံးငယ်တို့ဟာ ငွေသား မဟုတ်ရင် ပိဿာနဲ့ချီတဲ့ ရွှေစင်ခဲတွေပဲ ဖြစ်ပါလိမ့်မည်။

CASE NO 1001 (COMPLETED)Where stories live. Discover now