Unicode
တင်းကြပ်နေသော ပွေ့ဖက်ခံရမှုနှင့်အတူ
ဂျွန်မြောင်နိုးလာတော့ မိုးလင်းလုနီးပါး။
ရုန်းထွက်ရန်လုပ်ပေမဲ့ ပိုပြီးပင် ဆွဲညှစ်ခံလိုက်ရပြီး မျက်နှာတစ်ခုလုံး ရင်ပြင်ကျယ်ကြီးနှင့်ကပ်ကာ ခြေထောက်တွေပါ ဆွဲချုပ်ခံ လိုက်ရသည်။ဆံပင်တွေထဲ ဖိရောက်သက်ဆင်းလာတဲ့
မွတ်မွတ်သိပ်သိပ်အနမ်းတွေက ရုန်းထွက်ဖို့
အခွင့်အရေးနည်းနည်းတောင်မပေး။တရှုံ့ရှုံ့ အနံ့ခံနေတဲ့ ခွေးကြီးတစ်ကောင်လို ဂျွန်မြောင်ကို နှိပ်စက်နေတော့တာဖြစ်သည်။အိမ်မှာ ဘယ်လောက်တောင်မှ ပွက်လောရိုက်နေမယ်မသိ။ဒီလူက မနေ့က ဂျွန်မြောင်ကို
ဖမ်းမယ်ဆိုပြီး သူ့အိမ်ခေါ်သွားတာ။ ဂျွန်မြောင်အိမ်လည်း ဟုတ်တဲ့နေရာပေါ့။
အိမ်က အရင်အတိုင်းရှိနေပြီး ဖုန်တချို့ပင်
တက်နေသေးသည်။ ကြည့်ရတာ အိမ်သိပ်မပြန်ဘူးထင်ပါရဲ့။ အနံ့အသက်တို့က ကြာရှည်ပိတ်ထားတာကို ဖော်ပြနေသည်။အတင်းဆွဲချုပ်ခေါ်လာပြီး အိပ်ခန်းထဲရောက်မှ ဂျွန်မြောင် သွေးပါဆောင့်တက်ရသေးသည်။ ပစ်စလတ်ခတ် ပြန့်ကျဲနေတဲ့ အဝတ်တွေ ၊ ပြီးတော့ အပုံလိုက်ဖြစ်နေတဲ့ ဆေးလိပ်ဖင်ဆီခံတွေ။ လှဲချခံလိုက်ရတဲ့ အိပ်ရာထက်မှာဝောာင် တဂြစ်ဂြစ်မည်နိုင်တဲ့ သဲတွေက ရှိနေသေးသည်။
တစ်ကိုယ်ရည်သန့်ရှင်းနေပင် ဂရုမစိုက်တဲ့လူက ဂျွန်မြောင်ကိုတော့ အားမနာလျှာမကျိုး
ဖက်ညှစ်ထားတာများ။ တစ်ညလုံး အတင်းပွေ့ဖက်ထားပြီး သူစိတ်ပါလာရင် အတင်းတွန်းနမ်းနေတဲ့လူကို ဂျွန်မြောင်ဘာမှ မတုန့်ပြန်နိုင်ဘူး။ သူလည်းတစ်နေကုန် ပင်ပန်းထားတာမို့ နွေးထွေးတဲ့ ရင်ခွင်ကျယ်ကြီးထဲ ရောက်တာနဲ့ မျက်လုံးများ မှေးစင်းကျလာခဲ့တော့သည်။အကောင်းဆုံး သူ့အိပ်ရာကြီး။ ညတိုင်း ဆတ်ခနဲနိုးနိုးလာတတ်တဲ့ ဂျွန်မြောင်။
ပေါက်ကွဲမှုရဲ့ နောက်ဆက်တွဲကြောင့်
နားထိခိုက်ခဲ့ရပေမဲ့ ထူးခြားစွာပဲ အကြားအာရုံက ပိုအသေးစိတ်လာခဲ့သည်။
အသံသေးသေးလေးက အစ ကြားလာတာမို့
ညဘက်တွေဆို စိတ်သက်သာစေတဲ့ သံစဉ်တွေနားထောင်မှ အိပ်ပျော်တော့တာမျိုး။
YOU ARE READING
CASE NO 1001 (COMPLETED)
FanfictionCaptain ဒီတစ်ခါ ငါ့ကို မလွတ်စေနဲ့တော့နော် မင်းဆီကနေ တစ်ခုခု ခိုးထားလိုက်ပြီးပြီ