Part-1(Z and U)

1.2K 209 3
                                    

Zawgyi

မေလ ၅ ရက်နေ့ ။
ဆိုးလ်မြို့ ရဲအကယ်ဒမီ ဝင်ခွင့်အောင်မြင်သူများ ကြိုဆိုပွဲ။

ရှည်လျားလှသော ခုံတန်းများပေါ်၌ နာမည်နှင့် အမှတ်စဉ်နံပါတ်များတင်ထားသည်။
အစမ်းလေ့ကျင့်ရေးတစ်ပါတ်ပြီးတဲ့နောက်
တာဝန်ထမ်းဆောင်နိုင်ချေ ရှိတဲ့လူငယ်တချို့ဟာ တရားဝင် လေ့ကျင့်ရေးအတွက်
ရွေးချယ်ခံခဲ့ရသည်။

သူတို့ဟာ ၆လတာ လေ့ကျင့်ရေး လုပ်ဆောင်ပြီး နောက်ထပ် ၆လ အတွက် ကွင်းဆင်းလေ့လာရေးများ လုပ်ဆောင်ဖို့ ကြိုတင်သိရှိထားပြီးဖြစ်သည်။
တူညီသော ဆံပင်ပုံစံများနှင့် နေရာအသီးသီးက လူငယ်များက ဒီနေရာကို စုဝေးရောက်ရှိနေကြသည်။

မတူညီသော ရည်ရွယ်ချက်များ။
ပြည်သူ့ကာကွယ်ရေး ၊ ရာထူး ၊ ဂုဏ်၊
အောင်မြင်မှု စတဲ့ အမျိုးမျိုးသော ရည်မှန်းချက်များက သူတို့မှာကိုယ်စီရှိလို့‌နေကြသည်။

"သတိ!!ကိုယ့်ဘေးက လူ ကိုယ်စစ်!!"

တာဝန်ရှိသူက အော်လိုက်ပြီးနောက် ကိုယ်ကိုမတ်မတ်ထားလျက် ငြိမ်သက်သွားတဲ့လူငယ်တွေက ကိုယ့်ဘေးက အပေါင်းအသင်းတွေကို စစ်လိုက်ကြသည်။

လစ်ဟနေသော နေရာ။ရီရှင်းက ဘေးက နေရာလွတ်ကိုကြည့်ရင်း ငြိမ်သက်မိသည်။
သူ့အခန်းဖော် ဘယ်သူဖြစ်မယ်မသိ။
သူက မဂဏန်းကျတာမို့ စုံဂဏန်းကျသော
ဘေးက သူနှင့်တစ်တွဲဖြစ်ရမည်။
ဆယ့်ငါးမိနစ် ၊ ‌တပ်သားများအနေနှင့်
အချိန်မလေးစားဟုဆိုနိုင်သော အချိန်ထိ
သူ့ဘေးက လူက ရောက်မလာ။

ခေါင်းဆောင်၏ မျက်ဝန်းများက သူ့ဆီရောက်လာတိုင်း မရောက်သေးသူကိုယ်စား
သူကနေရခက်မိသည်။
သက်သာ အနေအထားနှင့် ဟောပြောချက်ပြီးသည်အထိ ရောက်မလာသေး။

နောက်ဆုံးမှာတော့ သူက တစ်ယောက်ထဲနေရတော့မည်ဆိုသော စိတ်ဖြင့်သာ နေရမည့်
အဆောင်ကို သွားခဲ့ရတော့သည်။

ဖွင့်လျက်သား အဆောင်တံခါးက ရီရှင်းကို မျက်လုံးပြူးလာစေသည်။ သူက အိတ်တွေကိုကိုင်ထားရင်း ကုတင်ပေါ်မှာ ပက်လက်လှန်အိပ်နေသော ‌‌ဖြူဖြူဖွေးဖွေးကောင်လေးအား ကြောင်အစွာ ငေးမောနေခဲ့မိသည်။
တိုကပ်နေတဲ့ ဆံပင်များနှင့်တောင် ကြည့်ကောင်းနေတဲ့သူက အိပ်ရာခင်းပင် မပါသေးသောအိပ်ရာထက် လှဲအိပ်နေပြီး ခေါင်းရင်း ပြတင်းပေါက်က ဝင်ရောက်နေသော နေရောင်ခြည်ကပင် သူ့မျက်နှာထက်ဖြာကျနေသည်။

CASE NO 1001 (COMPLETED)Where stories live. Discover now