Part-9 (Z and U)

667 131 4
                                    

Unicode

စိမ်းစိုနေသော အပင်များက အုပ်ဆိုင်းလျက်ရှိပြီး လေပြေညှင်းအောက် တလှုပ်လှုပ်ယိမ်းနွဲ့နေပါသော မြက်ပင်ရှည်များက စည်းချက်တစ်ခုမှာ စီးမြောနေကြပါသလို။
ငွေရောင် လက်နေသော ရေပြင်က နေရောင်အောင်မှာ ညင်သာစွာ စီးဆင်းလို့နေသည်။

တိတ်ဆိတ်မှုမှာ စမ်းရေစီးသံ ၊လေတိုးသံမှအမ ဘာကမှ ဝင်ရောက်ထိုးဖောက်ခြင်း မရှိ။
ပကတိ ငြိမ်းချမ်းမှုတို့က နားနေတဲ့သူကို အေးချမ်းမှု အပြည့်ပေးနေပါသလို။

သို့သော်လည်း အထီးကျန်မှု နှင့် နောင်တတရားကိုတော့ ကုစားနိုင်ရန် လွယ်ကူမည်မထင်ပါ။ အေးစက်သော နှလုံးသားက နေ့တိုင်းညတိုင်း ရေခဲရိုက်သလို ထုံကျင်လို့နေပြီး အသက်ရှူနေရတာ ဘာမှန်းမသိအောင်
ကိုယ့်ကိုယ်ကိုယ် မုန်းတီးစိတ်တွေ‌ကို
မမြင်သလို ဖုံးကွယ်နေရသည်။

တီ ...တီ

"Captain !! အမှုအသစ်တွေရောက်လာပါတယ်"

ရင်းနှီးသော နှုတ်ဆက်သံကြောင့် ပြုံးမိပေမဲ့
တစ်ဆက်ထဲမှာပဲ  သတိရစိတ်တို့ဟာ ရူးသွပ်သွားတော့မတတ်။
တစ်နှစ်ကျော်ဆိုတဲ့ အချိန်က မနေ့တနေ့ကလိုပဲ။ အရာအားလုံး ရွေ့လျားနေပြီး သူကတော့ အဲ့ဒီနေရာမှာပဲ ကျန်နေခဲ့သည်ထင်သည်။

"စားပွဲပေါ်တင်ထားလိုက် "

"ဟုတ်ကဲ့!!၊"

ဖုန်းချသွားတော့ ဝင်ခါနီးနေကို သူကြည့်မိသည်။ ကောင်းကင်က အရောင်နုလေးများ ပြေးလက် လှပလို့နေပြီး တိမ်လွှာပါးတချို့က စောစောကထက်စာရင် ငြိမ်စက်လို့သွားသည်။

အချိန်ကုန်အရမ်းမြန်သည်။
သို့သော် အချစ်တွေကတော့ တစ်ခါချစ်ရင်
တစ်သက်စာ မကုန်နိုင်တော့ဘူးထင်ပါသည်။

..........................

ဌာနထဲကို ဝင်လိုက်တာနှင့် ဦးညွှတ်လာတဲ့
လူအများအပြားက သူ့ကို နှုတ်ဆက်လာကြသည်။ ခေါင်းငြိမ့် အသိမှတ်ပြုမှုတွေ ဘယ်နှခါ လုပ်မိလည်းမသိ။ အချစ်သာ ရှိရင်
စိတ်ရှုပ်ဖို့ ကောင်းတယ်ဆိုပြီး ဂျစ်တီးဂျစ်ကန် ပြောနေအုန်းမလား တွေးမိသေးသည်။

CASE NO 1001 (COMPLETED)Where stories live. Discover now