Part- 2(Z and U)

723 157 6
                                    

Unicode

တတောက်တောက် လိုက်နေသောသူကို
ဂျွန်မြောင်က စိတ်ရှုပ်စွာလှည့်ကြည့်မိသည်။
စိတ်ရှုပ်လွန်းလို့ သူ့မျက်ခုံးတွေက အတင်းတွန့်ချိုးနေပြ မကျေနပ်သော အငွေ့အသက်များက အပြည့်ဖြစ်သည်။

တရားခံကတော့ ဘာမှမသိတဲ့ ကလေးတစ်ယောက်လို မျက်တောင်ပုတ်ခတ် ပုတ်ခတ်နှင့် သူ့အားကြည့်နေပြီး လက်တစ်ဖက်ကမူ
သူ့ခါးကို သူ အသာလေးဖိပြနေသေးသည်။

ဟင်း.... သက်ပြင်းတိုးတိုးချပြီးနောက်
သူပြန်လှည့်ထွက်လာခဲ့ရသည်။ နောက်က ကပ်ပါလာတဲ့ခြေလှမ်းတွေကို လျစ်လျူရှုရင်းပေါ့။ တကယ်ပါပဲ ဘယ်သူက သူ့ကို ကယ်ဖို့တောင်းဆိုထားလို့ ကျေးဇူးကြွေး အတင်ခံလိုက်ရတာလဲ ရှုပ်လိုက်တာ။

လေ့ကျင့်ရေး ရက်ပြီးတဲ့နောက် တစ်ပါတ်တာ နားရက်ရှည်မှာ ကျောင်းသားတစ်ချို့ အိမ်ပြန်ကြပေမဲ့ တော်တော်များများကတော့
ရဲအကယ်ဒမီမှာပဲ ဆက်နေဖြစ်ကြသည်။
သို့သော်လည်း စည်းကမ်းမဲ့နေတဲ့ ပိတ်ရက်တွေမှာ စုပေါင်းအရက်သောက်ကြတဲ့ လူငယ်တစ်သိုက်ကြောင့် အဆောင်မှူးက စိတ်ဆိုးကာ အားလုံးကို နှင်ချလိုက်တော့သည်။

လူငယ်အုပ်စုက ချက်ချင်း အဆောင်ပြင်ထွက်ကြရပြီး တချို့က ‌ဆက်လက်ပျော်ပါးကြဖို့ထွက်သွားကာ အပြစ်လုပ်တဲ့ထဲ မပါတဲ့ အုပ်စုကတော့ မကျေနပ်စွာနှင့် လမ်းပျောက်နေကြရသည်။ ရီရှင်းတို့ နှစ်ယောက်ကလည်း အတူတူပင်။ သူတို့က အဆောင်မှာ အေးဆေးနှပ်နေကြတုန်း ဇွတ်ကြီးနှင်ချခံလိုက်ကြရသည်။ တစ်ပါတ်မပြည့် မချင်းပြန်မလာရ။ နောက်ထပ် လေးရက်ပင်လိုနေသေးသည်။

နောက်ဆုံးမှာတော့ ရီရှင်းက သူ့အခန်းဖော်လေးနောက်ကို လိုက်ဖို့ပဲ ဆုံးဖြတ်ခဲ့သည်။
ပြင်ပမှာ ရင်းနှီးလိုက်ရင် ပိုအဆင်ပြေမလားတွေးမ်တာမို့ ခါးနာနေတာကို အကြောင်းပြုကာ ဇွတ်တွယ်ကပ်နေဖို့ ကြံလိုက်တာဖြစ်သည်။ စိတ်ရှုပ်နေပါသော်လည်း ငြင်းဆန်ခြင်းမပြုတာက အခြေအနေကောင်းသည်ဆိုရမည်။

ဒီရက်တွေထဲမှာ ရီရှင်းအခန်းဖော်လေးက
တာဝန်ကျေရှာပါသည်။ အိမ်သာ အသွားအလာနဲ့ ရေချိုးဖို့ပါ လိုက်လုပ်ပေးရတဲ့အပေါ် မငြူစူပေမဲ့ စကားတော့သိပ်မပြော။ မျက်မှောင်ကြုတ်ထားပေမဲ့ သူ့အခန်းဖော်က တော်တော်လေး တာဝန်ယူတတ်သူဟုထင်မိသည်။

CASE NO 1001 (COMPLETED)Where stories live. Discover now