Unicodeငြိမ်ဆိတ်နေသော အခန်းတွင်း ဆေးနံ့တချို့
နှင့် သွေးနံ့တချို့ထွက်နေပြီး လက်ထိပ်နှင့် စားပွဲ တတောက်တောက်ခေါက်သံကလည်း
ပျံ့လွင့်လို့နေသည်။သွားကြးထိုးတံကို သွားမှာခဲထားလျက်
ခံကိုမှီထားရင်း ခပ်မဲ့မဲ့ပြုံးနေတဲ့ ရီရှင်း။
သူ့မျက်ခုံးက ဒဏ်ရာပင် သွေးစများခြောက်ကပ်နေပြီး လက်ချောင်းများက
အနည်းငယ် ယောင်ကိုင်းလို့နေသည်။ဟန်ပါပါခြေထောက်ချိတ်ထားတာကို
ချလိုက်ပြီးနောက် ရှေ့က စားပုံထက် လက်ထောက်ကာ အမှုတွဲဖိုင်များကို ကြည့်နေလိုက်သည်။ တစ်ရွက်ပြီး တစ်ရွက်
ပျင်းရိစွာလှန်ကြည့်နေရင်း မျက်စိရှေ့က
ခပ်ထွားထွားလူကို မျက်လုံးလှန်ကြည့်တော့
မငြိမ်သက်တဲ့ မျက်ဆံအိမ်တွေက တက်လိုက်ကျလိုက် လှုပ်ရှားလို့နေကြသည်။ထွီ ခနဲ ထွေးထုတ်လိုက်လို့ ကျသွားတဲ့
သွားကြားထိုးတံက တစ်ဖက်လူရဲ့ ခြေထောက်နားကျသွားပြီး ရွံ့များပေနေသော ဖိနပ်ဟာ နောက်ကိုဆုတ်လို့သွားသည်။"အဲ့ဒီ ဖိနပ်"
မေးသံက တိတ်ဆိတ်မှုကို ဖြိုခွင်းကာထွက်ပေါ်လာပြီး တစ်ဖက်လူရဲ့ မျက်နှာက ညိုမဲလို့သွားသည်။ရီရှင်းက လက်ထဲက ဖိုင်တွဲနဲ့ ထိုဖိနပ်ကိုညွှန်ထားကာ ရှေ့ကလူကို မေးဆတ်မေးလိုက်၏။
"မင်း ဘယ်က ရလာတာလဲ"
တဖက်လူက မဖြေ။ သူ့ရဲ့ ဖြူဖျော့နေတဲ့ မျက်နှာကို ငုံ့ထားရင်းတုန်ယင်လို့နေသည်။"ဝယ်....ဝယ်ထားတာ"
"မင်း လစာက ??"
ဝေခွဲရခက်သွားတဲ့ မျက်နှာကို မြင်တော့
ရီရှင်းပိုပြုံးလိုက်မိသည်။ အဖြေက ရှင်းနေပြီပဲ။ ဒီ လခစား ဝန်ထမ်းက ဒီလောက်ဈေးကြီးတဲ့ ဖိနပ်ကိုစီးထားပြီး ဟိုဟိုဒီဒီ ပတ်နေတယ်ဆိုတော့ ဒါက ဘာဖြစ်နိုင်မလဲ??"မင်းရဲ့ ရှေ့နေ မနက်ဖြန်လာလိမ့်မယ်
အဲ့ကျမှ ဆက်စစ်တော့"ဖိုင်ကိုပြန်ချရင်း ရီရှင်း ထွက်လာတော့
မင်ယော့က အအေးဘူးနှင့် လာကပ်သည်။
ပုခုံးကို ခပ်ဖွဖွ ပုတ်ပြီး တရားခံကို အပ်လိုက်တဲ့ ရီရှင်း။
YOU ARE READING
CASE NO 1001 (COMPLETED)
FanfictionCaptain ဒီတစ်ခါ ငါ့ကို မလွတ်စေနဲ့တော့နော် မင်းဆီကနေ တစ်ခုခု ခိုးထားလိုက်ပြီးပြီ