ကျယ်ဝန်းလှသော ခြံကြီးအလယ်တွင် နန်းတော်သဖွယ် တည်ဆောက်ထားသော စံအိမ်ကြီးကနေရာ ယူထားသည်။ခြံဝန်းပတ်ပတ်လည်တွင်အမဲရောင်suitနှင့်
bodyguardsများ လူနှစ်ယောက်စာ အုပ်တံတိုင်းပေါ်တွင် လျှပ်စစ်သံစူးးကြိုးများနှင့် ဝန်းရံထားသော ထိုစံအိမ်ကြီးက တရုတ်နိုင်ငံရဲ့တရားဝင်သတ်မှတ်ထားသော မားဖီးးယားဂိုဏ်းအနွယ်ဝင်အကြီးဆုံး Demon's gang၏ တည်နေရာပင်။ကျည်ကာမှန်တွေဖြင့် တည်ဆောက်ထားသော ထိုစံအိမ်ကြီးက ခမ်းခမ်းနားနားကြီး ခြံဝမှစံအိမ်ကိုရောက်ဖို့ မိနစ်အနည်းငယ်ကြာသည် လမ်းတစ်လျှောက်တွေ သစ်ပင်ပန်းပင်နှင့် စိမ်းဆိုပြီးလှပနေသည် စံအိမ်ကြီးနောက်တွင် ကြီးမားသောကားပါကင်ထဲ၌ lamborghini, Marcedes s 580 တော်ရုံလူဝယ်မစီးနိုင်သော နောက်ဆုံးပေါ်ကားများနှင့် ပြည့်နေသည်။
တရုတ်နိုင်ငံ Mafia gangက Demon's,Tuna,Flash gang3ခုဖြင့်ဖွဲ့စည်းထားသည်။ Demon'sက gangတွေထဲ အကြီးဆုံးဖြစ်ပြီး Demon's gangက မိန့်ကြားသမျှကိုgangငယ်များနဲ့ သမ္မတကစနာခံရသည်။Demon's gang၏ ခေါင်းဆောင်က Goblin(or)ရှောင်းမာဖီ ဖြစ်ပြီးရှောင်းမာဖီတွင် Sean Xiao(or)ရှောင်းကျန့် ဆိုတဲ့သားတစ်ယောက်ရှိသည်။
Tuna gang၏ ခေါင်းဆောင်းက Holy(or)ချန်းရှောင်ချီဖြစ်ပြီး Angela(or)ချန်းရာ၊Rockie (or)ချန်းရှောင်လုဆိုတဲ့ သမီးနှင့်သားရှိသည်။ Flash gang၏ ခေါင်းဆောင်ကတော့ Kill(or)ကျန်းယွီမင်ဖြစ်ပြီး wubin(or)ကျန်းလီယန် ဆိုတဲ့သားတစ်ယောက်သာရှိသည်။
ဟိုင်းဝေးလမ်းမပေါ်တွင် ရှေ့နှင့်နောက်တွင် marcedesနှစ်စီး အလည်တွင်lanboniki အနက်ရောင်ကားလေးက Demon's gangတည်ရှိရာစီအိမ်သို့ဦးတည်လျက်..။ ခြံဝရှိအစောင့်များကနားကြပ်အတွင်းမှ စကားသံတစ်ချို့ကိုလက်ခံပြီးနောက်ခြံတံခါးကိုဖွင့်လိုက်ပြီး တစ်ချို့ bodyguards များကရပ်စောင့်နေကြသည်။
စံအိမ်ရှေ့သို့ ကားဆိုက်သောအခါ ရပ်နေကြတဲ့အစောင့်များထဲက တစ်ယောက်က ကားတံခါးလှပ်ပေးပြီး ခေါင်းငုံ့နေသည်။ သူတို့ကားထဲကထွက်လာမည့်လူကို စေ့စေ့တောင် မကြည့်ရဲပါ။
ကားထဲကထွက်လာသည့် လူငယ်က ပြောင်လက်သောရူးဖိနပ် black suitနှင့် တည်တင်းနေသောမျက်နှာတင်းတင်းစေ့ထားသော နှုတ်ခမ်းပါးလွှာနဲ့သေချာကြည့်လျှင် နှုတ်ခမ်းအောက်က မှဲ့နက်လေး အသက်16နှစ်နဲ့မလိုက်အောင် ရင့်ကျက်နေတဲ့ ထိုလူက အပစ်ပြောစရာမရှိအောင် ချောမောနေသည်။