[30:]

800 42 1
                                    

Unicode..

ရှောင်ကျန့်တို့ ဆေးရုံကနေ ပစ္စည်းတွေ သိမ်းပီး စံအိမ်ကို ပြန်လာကြသည်။ စံအိမ်ကိုရောက်တော့ ရှောင်လုတို့ရယ် ရာရာတို့ရယ်ရောက်နေကြသည်။

"ဟေ့ရောင် မင်းကိုစောင့်နေတာ ကြာလိုက်တာ"

ဆိုဖာမှာ ထိုင်နေတဲ့ ရှောင်လုက ပြောလာသည်မို့ ရှောင်ကျန့် ကလေးလက်ကိုဆွဲကာ ရှောင်လုရှေ့က ဆိုဖာမှာဝင်ထိုင်ရင်း ပြောပြောလိုက်သည်။

"ဆေးရုံကဆင်းတာလေ ပျော်ပွဲစားထွက်တာမှမဟုတ်ဘဲ ဆေးစစ်ချက်တွေယူရသေးတယ်"

"ဟုတ်သားဘဲ ကောကလဲ ရိပေါ်လေး သက်သာလား ဟင် ဘာစားချင်လဲ ရာရာကျဲ မှာကျွေးမယ်"

"လုပ်ကျွေးမယ်လဲ မဟုတ်ဘူး မှာကျွေးမယ်တဲ့"

ရာရာကျဲကို ပြန်စနေတဲ့ ရှောင်လုကော ကြောင့် ရိပေါ်ဘာမှ မပြောဘဲ ပြုံးပီးကြည့်နေလိုက်သည်။

"ကိုကိုကလဲရာရာမှ မလုပ်တတ်တာ အဲ့တော့မှာကျွေးရုံပေါ့ "

"အော်အော်"

"ရပါတယ် ရာရာကျဲ ခနနေဒယ်ဒီက ခရုဆန်ပြုတ်လုပ်ပေးမယ်တဲ့"

"အော်...ဟုတ်ပီသဲလေး"

"ရာရာ.. ဘာသဲလေးလဲမခေါ်နဲ့မကြိုက်ဘူး"

ရှောင်းကျန့်အူတိုစွာ ဝင်ပြောရတော့သည်။ သူများ အသက်လေးကို ကြူးနေတာ သေချင်လို့..!!

"အူတိုလွန်းတယ် ဟွန့်"

ရှောင်ကျန့်သူ့ကို ပြန်ပတ်တော့မယ်ရာရာ့ကို မျက်ဖြူလှန်ပြကာ ကလေးငယ်ဘက်လှည့်ပီး...
"ဒယ်ဒီ ခရုဆန်ပြုတ်သွားလုပ်ပေးမယ် ရာရာနဲ့ စကားပြောလိုက်အုန်း"

"ဟုတ်"

ရှောင်းကျန့်ပြောပီးသည်နှင့် မီးဖိုချောင်ထဲ ထထွက်လာလိုက်သည်။

"ရာရာ ရိပေါ်လေးကို အဖော်လုပ်ပေးလိုက်အုန်း ကိုကို ရှောင်းကျန့်နဲ့ ပြောစရာရှိလို့ ဆင်ဆင်ခြေခြေနေနော် ဟိုကသူ့ဟာလေးထိရင်မရတာသိတယ်မလား"

"သိပါတယ်ကိုကိုကလဲ"

ရှောင်လု သူ့ညီမကို သတိပေးပီး ရှောင်းကျန့်နဲ့စကားပြောဖို့ မီးဖိုချောင်ဘက် ထွက်လာခဲ့သည်။

!OH MY DADDY! Where stories live. Discover now