Unicode...
ဘာလိုလိုနဲ့ ရိပေါ် တက္ကသိုလ်တက်တာ သုံးပတ်ရှိပီ အခုလဲ မနက်ဖြန်တက်ပီးရင် စနေ တနင်ဂနွေပိတ်ပြန် ဘဝက လဲ ပြည့်စုံလွန်းပီးလိုတာရနေတော့ ပျင်းစရာကောင်းသား..."
ဒယ်ဒီကခုဆို ရုံးမှာရှိလောက်မှာ သူgang,ဘက်ကိုသွားမွှေ..အယ်လေ.. သွားစူးစမ်းရမယ်။ငယ်ငယ်တုန်ူကတစ်ခေါက်ဘဲ ရောက်ဖူးတာ ကြီးလာတော့ သိပ်မမှတ်မိတော့ဘူး မို့ သွားကြည့်ချင်သည်။
ရိပေါ် အတွေးနဲ့တူ ဧည့်ခန်းကဆိုဖာပေါ်မှီနေရာကနေ ထရပ်လိုက်သည်။"David ကော "
"သခင်လေးရိပေါ် ဘာလိုချင်လို့လဲ"
ရိပေါ် မျက်နှာချိုသွေးကာ davidကိုကြည့်ရင်း...
"ကျတော်တို့ gangဘက်ကို သွားကြည့်ရအောင် "
"ဟုတ်ကဲ့"
ရိပေါ်တို့ ဂေါက်ရိုက်ရင်သွားတဲ့ကားလေးလိုမျိုးလေးနဲ့ gangဘက်ထွက်ခဲ့သည်။ လမ်းလျှောက်သွားရင် နာရီဝက်တောင်ကြာမှာ သူမလျှောက်နိုင်တာမို့ ထိုကားပေါက်စနဲ့ ထွက်လာခြင်းဖြစ်သည်။
ရိပေါ် gangအဆောင်အုံဘက်ရောက်တာနဲ့ အသီးသီးသူ့အလုပ်နဲ့သူရှုပ်နေသူများအားတွေ့ရသည်။ လျှောက်လမ်းတိုင်း davidနဲ့တူလျှောက်လာရင်း gangသားတွေလေ့ကျင့်တဲ့ဘက်ကိုရောက်လာသည်။
ရိပေါ်လေးလျှောက်နေသော ခြေလှမ်းများမှာတစ်နေရာတွက်ရပ်တန့်သွားသည်။ ထိုသည်က သေနတ်ပစ်လေ့ကျင့်ကွင်းပင်...
" david ကျတော် သေနတ်ပစ်ကြည့်ချင်တယ်"
ရိပေါ် ကိုရီးယားမှာတုန်းက davidဆီက အတိုက်ခိုက်အပစ်ခတ်တွေသင်ယူထားရတာမို့ ရိပေါ် gangသားတွေလောက်မကျွမ်းကျင်တောင် ကို့ဘာသာကာကွယ်တတ်ပါသည်။ထို့ကြောင့် သူလက်ရည်ပြန်စမ်းကြည့်ချင်လို့ davidကို ပြောလိုက်ခြင်းဖြစ်သည်။
"သခင်လေးရိပေါ် အကာကွယ်ဝတ်ဖို့လိုတယ်"
Davidက ပြောလဲပြောသူ့ကို လက်အိပ်အစွပ်ရယ် နားကျပ်တစ်ခုရယ်ပေးလာသည်။
ရိပေါ်လဲ ဝတ်လိုက်ကာ ဘေးကရပ်နေသော gangသားတစ်ယောက်စီက ပစ္စတို ကိုကိုင်ကာ ပစ်မှတ်ကိုချိန်လိုက်သည်။....
