Unicode..
အဖြူရောင်တော်တော်များများနဲ့ လှပစွာပြင်ဆင်ထားတဲ့ ခန်းမအလယ်တွေ အဖြူရောင်ကုဒ်ကိုဆင်တူဝတ်ထားတဲ့ ကောင်လေးနှစ်ယောက်ရပ်နေကြသည်။
"သတို့သား စုန်ကျိရန်မှ သတို့သား လျိုဟောက်ရွမ်း အားသက်ဆုံးတိုင်ပေါင်းဖက်သွားပါမည်လား"
ကျိရန် ရှေ့ကကောင်ငယ်လေးရဲ့မျက်လုံးအားသေချာစိုကိကြည့်လိုက်ပီး..
"ဟုတ်ကဲ့ ကျတော် ရှေ့က honeyကို ဘာအခက်ခဲတွေဖြစ်လာပါစေ လက်မလွတ်တမ်းဆုပ်ကိုင်ထားပီး ကောင်ကောင်းဆိုးဆိုးတူတူကျော်ဖြတ်ကာ ပေါင်းဖက်နေထိုင်ပါမည်ဟု ကတိပြုပါသည်"
ဟောက်ရွှမ်း ရှေ့ကလူကြီးရဲ့အကြည့်နဲ့ အပြောတွေကြောင့် ရင်တွေခုန်လာသည်။ ဒီလူကြီးက အန္တရာယ်အရမ်းများတာဘဲ။
"သတို့သား လျိုဟောက်ရွှမ်းကရော သတို့သားစုန်ကျိရန်ကို သက်ဆုံးတိုင်ပေါင်းဖက်သွားပါမည်လား""ဟုတ်ကဲ့ ကျတော် ကတိပြုပါသည်"
ဟောက်ရွှမ်းတစ်ခြားအရာတွေမပြောတတ်လို့ တိုတိုချုပ်ချုပ်ဘဲပြောလိုက်သည် အဓိက ကတိပြုဖို့ပင်မလား။
သတို့သားနှစ်ယောက်ရဲ့ကတိ ပြုပီးအဆုံး အရှေ့ ဖာသာ မှာ..
"အကြင်နာပေးလို့ရပါပီ"
ထိုစကားသံဆုံး ဟောက်ရွှမ်းရဲ့ နှုတ်ခမ်းကိုထိကပ်လာတဲ့ ထိုလူကြီး နှုတ်ခမ်းပါးတွေ အခုတလော ထိုလူကြီးနဲ့အတူရှိချိန်တွင်း နွေးထွေးတယ်ခံစားမိတယ်ရှေ့လျှောက် ခင်ဗျားကြီးဆီ ကျတော့်စိတ်တွေအလုံးစုံပုံအပ်တော့မှာမို့ ဒဏ်ခံနိုငိဖို့ပြင်ထားတော့။
.
.
.
.
ရိပေါ် ဟောက်ရွှမ်း မင်ဂလာပွဲကို ရောက်နေတာဖြစ်သည်။daddyကတော့ ပြင်သစ်က မနက်ဖြန်မှပြန်လာမယ်ပြောသည်။အစက ဒီနေ့ပြန်လာမို့ဟာ မပီးပြတ်သေးတာတွေရှိသေးလို့ဆိုပီး မလာနိုင်ပေ။
ရိပေါ် davidတို့နဲ့ဘဲ လာခဲ့ရသည်။"ရိပေါ် ပျင်းနေပီလား "
ရိပေါ် ပွဲထဲကလူတွေလိုက်ကြည့်နေတုန်း ကျိရန်ကောကလာမေးတာကြောင့်..
"မပျင်းပါဘူး ရန်ကော ဟောက်ဟောက် ဂုဏ်ယူပါတယ်ကွာ ငါတို့ကိုမေ့မသွားနဲ့နော်"
![](https://img.wattpad.com/cover/280696140-288-k522878.jpg)