[31:]

831 46 1
                                    

Unicode...

"ဟိုတနေ့က လက်နက် ကိစ္စတွက် ပြောစရာစကားလေးမရှိဘူးလား ကျိုးလူကြီးမင်း"

သူရှေ့တွင်ထိုင်နေသော အမတ်မင်ကျိုးသည် သူ့လက်ကိုင်ပဝါ လေးအားထုတ်၍ နဖူး ချွေးတွေကိုသုတ်နေသည်။ အင်း သေချာကြည့်ရင်တော့ လက်တွေတုန်နေတာ မြင်ရလိမ့်မည်။

"အဲ့ဒါက sean ကျတော်တို့အကုန်အပြည့်တင်ပို့ပါတယ် စူးရှဲ့ကရောက်လာပီး တစ်ဝက်ကို အတင်းဝင်ယူသွားတာကြောင့် ကျတော်တို့တစ်ဝက်ဘဲတင်ပို့နိုင်တာပါ"

ကျိုးလူကြီးမှာ နဖူးကချွေးစေးတွေကို သုတ်ကာတုန်တုန်ရီရီဖြင့် သူရှေ့တွင် all black suitဖြင့် အရှိန်ဝါတွေထွက်နေသော seanအား ရှင်းပြရသည်။

"ဟုတ်ပီ နောက်ခါမဖြစ်စေရအောင် ကျုပ်လူတွေကိုလက်နက်တွေယူမဲ့နေ့မရောက်ခင်ကြိုလွှတ်ပီး ထဲ့ထားပေးမယ် နောက်ခါထပ်ဖြစ်မယ်ဆိုလို့က  ခင်ဗျားသေတမ်းစာကြိုရေးထားလိုက်"

ပြောပီး ထထွက်သွားသောseanအား ဦးညွတ်ကာ...

"နောက်ခါမဖြစ်စေရပါဘူး sean"

...................

"အား...ဒယ်ဒီ"

တစ်ဖက် တွင်က... တရုတ်နိုင်ငံရဲ့ သမ္မတအိမ်တော်ထက်တောင်ကြီးများကျယ်ပြန့်ပီးလှပတဲ့ စံအိမ်တွင်တော့ စကိတ်ပုံစေတကာပါတဲ့ အနည်းငယ်လည်ပင်ူးဟိုက်တဲ့Nike တီရှပ်အဖြူလက်တိုကို ဂျင်းဘောင်ဘီရှည်အပွလေးနဲ့ဝတ်ဆင်ထားသော ဖြူဖြူလုံးလုံး ကောင်လေးမှာ စိတ်တွေဆိုးနေပါသည်။ အကြောင်းမှာကား....
.
.
.
.

"အွန်း...!!!"

ရိပေါ်မနက်ခင်းနေရောင်ကြောင့် နိုးလာကာအပျင်းကြောဆန့်ပီး ဘေးကိုကြည့်လိုက်တော့ဒယ်ဒီမရှိတော့ဘူး။ရေကျသံကြားတာမို့ ကြည့်ရတာ ရေချိုးခန်းမှာနဲ့တူတယ်။ မနေ့ကနေ့ခင်းကရာရာကျဲတို့နဲ့ စကားပြောပီး ရိပေါ် အိမ်တွင်းအောင်းနေခဲ့တာ ဟောက်ရွှမ်းတို့ဆီတောင်ဖုန်းမဆက်ဖြစ် ဒီနေ့ကျောင်းမှာဘဲတွေ့မှအကျိုးကြောင်းပြောတော့မယ်ဆိုပီး..။ ဒယ်ဒီကတော့ အကိုလီယန်ပြန်ရောက်လို့ဆိုလား ရှောင်လုကောနဲ့သွားကြတာ ညမိုးချုပ်မှပြန်လာသည်နဲ့တူသည် ရိပေါ်အိပ်ပျော်နေ၍မသိတော့ပေ။

!OH MY DADDY! Where stories live. Discover now