ရှောင်းကျန့် ကားလေးစံအိမ်ရှေ့ရပ်လိုက်တာနဲ့ သူရဲ့ရှေ့ကကားနဲ့ နောက်ကကားတွေကလဲ တုန့်ကနဲ့ရပ်လိုက်သည် အနက်ရောင်ဝတ်စုံနဲ့ လူတွေအလျိုလျိုထွက်လာပြီး သူတို့တာဝန်ကျရာနေရာမှာအသင့်နေရာယူထားသည် seanအတွင်းရေးမှူးကျိုးချန်ကားတံခါးလှပ်ပေးလိုက်သည်နဲ့ ကားပေါ်ကဆင်းလာတဲ့သူတို့ရဲ့ သခင်Seanလက်ထဲမှာလဲseanရဲ့အချစ်တော်သခင်လေးleo..
Seanရဲ့အချစ်တော်ဖြစ်တာလဲ မပြောနဲ့သခင်လေးleoကမျက်နှာဖုံးနဲ့တောင် ချစ်ဖို့ကောင်းတာအခုမျက်နှာဖုံးချွတ်ထားတော့ လှရက်လေခြင်းယောက်ျားလေးမို့လှတယ်လို့ မသုံးသင့်ပင်မဲ့သခင်လေးleoကတကယ်လှတယ်
"ဒေါက်တာဟူရောက်ပြီလား... ကျိုးချန်"
"ရောက်ပါပြီsean"
"ကလေးအခန်းထဲလွှတ်လိုက်"
Sean ပြောပြီးတာနဲ့ အပေါ်တက်လာပြီး ကလေးကိုသူ့အခန်းထဲက မွေ့ယာပေါ်ညင်သာစွာတင်ပေးလိုက်သည် ခနနေတော့ဒေါက်တာဟူရောက်လာပြီး ကလေးကိုကုပေးနေသည် ကလေးနဖူးပေါ်ကသွေးတွေကို ဖယ်ရှားပြီးပေါက်တဲ့နေရာကိုချုပ်ကာ အကိုက်ခဲပျောက်ဆေးထိုးပြီး Dripချိတ်ပေးကာသူ့ဘက်ကိုလှည့်ပြောလာသည်
"တော်သေးတယ် သွေးထွက်မလွန်တာ ဒီထက်ပိုကြာရင်သွေးထွက်လွန်ပြီးး စိုးရိမ်ရတယ်ဒဏ်ရာအရှိန်ကြောင့် သခင်လေးသတိရဖို့ကြာပါအုန်းမယ်မနက်ဖြန်ဆိုရင်တော့ ရလောက်ပါပြီ"
"အင်းးသွားလို့ရပြီ သတိရလာရင် ခေါ်လိုက်မယ် gangဘက်မှာ ဟိုတစ်လောကထိထားတဲ့သူတွေရောအဆင်ပြေရဲ့လား"
"ပြေပါတယ်သခင်လေး.. ခွင့်ပြုပါအုန်း"
ရှောင်းကျန့်ခေါင်းညိတ်ပြလိုက်တော့ အခန်းထဲကထွက်သွားတဲ့ဒေါက်တာဟူ...
"မင်းကို စက္ကန့်မလပ်စောင့်ရှောက်နေတာကို ဖြစ်သွားတာကွာ ဒယ်ဒီဘယ်လိုလုပ်ရမှာလဲ babeဆိုးပုံနဲ့ဟမ် အခုbabeနာကျင်နေတာကို ကြည့်နေရတာဒယ်ဒီရင်ထဲကနှလုံးတွေ ကြေမွတော့မဲ့အတိုင်းဘဲ"
ကလေးကို ပြောပြီးစောင်ကို ရင်ဘတ်ထိဆွဲခြုံပေးလိုက်ကာ ရှောင်းကျန့်သူ့အတွင်းရေးမှုးကျိုးချန်ကို လှမ်းခေါ်လိုက်သည်