ဝမ်ရိချန် ဟိုက်ခွမ်းလေးကို ကြည့်ရင်း စဥ်းစားနေတယ် seanက ဘာကြောင့် သားငယ်ကို လိုချင်တာလဲ ဟိုက်ခွမ်းနဲ့ သားငယ်လေး အရမ်းချစ်တာသားငယ်လေးက အဲ့မှာနေပါ့မလား ငိုနေမလားဟူးးကံတရားကြီးက ဘာလို့ ငါမိသားစုမှလဲကွာ
"အကို သားငယ်လေးကို seanက တွေ့ခွင့်ပေးပါ့မလားဟင်"
"တွေ့ခွင့်ပေးဖို့ဘဲ ဆုတောင်းရမှာပေါ့ မိန်လီရယ်"
တူ.. တူ.. တူ
"ဟယ်လို"
"ceo Wang Yi chenလား မသိဘူး"
"ဟုတ်ကဲ့ ကျတော်ပါ"
"မနက်ဖြန် နေ့လည်2နာရီကြရင် xxxxအဲ့စားသောက်ဆိုင်မှာ တွေ့ချင်တယ်လို့ seanကပြောခိုင်းလို့ပါ"
"ဟုတ်ကဲ့ ကျတော်တို့ လာခဲ့ပါ့မယ်"
"မိန်လီသားလေးကို မခွဲနိုင်ဘူး.. ဟင့်"
"မိန်လီရယ် အကောင်းဆုံးတွေဘဲ မျှော်မှန်းရအောင်နော်"
________
ဒေါက်.. ဒေါက်.. ဒေါက်"Sean ကျတော် David ပါ"
ရှောင်းကျန့်ကလေးနဲ့ ဂိမ်းဆော့ပေးနေတုန်း တံခါးခေါက်သံကြားတာမလို့ နားထောင်လိုက်တော့ သူ့ခေါ်ခိုင်းထားတဲ့ david
"ဝင်ခဲ့"
"seanခေါ်တယ် ဆိုလို့ပါ"
"မင်းကို တာဝန်တစ်ခု ပေးချင်လို့"
"ဟုတ်ကဲ့"
"ရိပေါ်ကို ငါမွေးစားမှာ သူ့ဘေးနားမှာ နေပြီးသူ့ကိုအသက်ပေးပြီး စောင့်ရှောက်ပါ ပြီးတော့သူက gangထဲကိုဝင်လာပြီဆိုတော့ တတ်သင့်တဲ့ ပညာတွေအားလုံးသင်ပေးဖို့ မင်းကိုအပ်ချင်တယ်အရမ်းကြီး မဟုတ်ဘူး သူကိုယ်သူ့ကာကွယ်နိုင်ရင် လုံလောက်ပြီ မင်းကိုယုံကြည့်လို့ ပေးတဲ့တာဝန်ကို မင်းထမ်းဆောင်နိုင်မယ်လို့ ထင်တယ်"
"ဟုတ်ကဲ့တာဝန်ကို ကျေပွန်အောင်ထမ်းဆောင်ပါ့မယ်"
"ရပြီသွားတော့ မနက်ဖြန်ကြ အပန်းဖြေအိမ်ကိုသွားမယ်"
Seanကို ဦးညွှတ်အရိုသေပေးပြီး ထွက်လာခဲ့သည်။
David က gangမှာအတော်ဆုံးဘဲ gangရဲ့သက်တော်စောင့်တွေကို သူဘဲလေ့ကျင့်ပေးတာ သူ့စကားကလွဲရင် ကျန်တဲ့သူတွေ စကားနားမထောင်ဘူး အဲ့ကြောင့်ကလေးကို စောင့်ရှောက်ဖို့တာဝန်ပေးခဲ့တာ davidနဲ့ဆို ကလေးကိုစိတ်ချတယ်