Unicode
ရှန်ဟိုင်းရဲ့ အဆင့်မြင့်ဘားတစ်ခုလဲဖြစ်သလို gangတွေရဲ့တံဆိပ်ပါမှဝင်ခွင့်ရတဲ့ နေရာတွင် chinaရဲ့ထိပ်တန်းအရေးပါတဲ့ gangခေါင်းဆောင်တွေစုပီး အစည်ဝေးထိုင်နေကြသည်..။
"Seanအဲ့လိုဆို ကျတော်တို့ ဘယ်လိုလုပ်ကြမလဲ စူးရှဲ့သာ နိုင်သွားမယ်ဆို ကျတော်တို့တွက်ကောင်းတာမရှိဘူး"
"ဟုတ်တယ် ရှောင်းကျန့် ငါတို့မဲက နည်းနည်းဘဲကွာတာ ဂျပန်ကပျောက်နေတဲ့katarro gangရဲ့မဲသာရမယ်ဆို ငါတို့တွက်စိတ်အေးရတယ်"
တစ်ခြား gangကလူရဲ့အပြောကို ရှောင်လုကဝင်ထောက်ခံပြောလိုက်သည်..။
gangတော်တော်များများက seanလို့ဘဲ ခေါ်ကြတာ ရှောင်းကျန့်ဆိုတာ သူ့မိသားစုအနွယ်ဝင်ရယ် သူငယ်ချင်းတွေကဘဲခေါ်ခွင့်ရှိသည်..။"အင်း.. ငါစုံစမ်းတာ တရုတ်မှာအဲ့gangအမှတ်ပုံစံ တက်တူးနဲ့လူ တွေ့မိတယ်ပြောတယ် ဒါမဲ့ ဘာမှစုံစမ်းမရဘူး"
"အဲ့ဆို ငါတို့အစီစဥ်ကိုစဆွဲရအောင်.."
ကျိရန်ပြောလိုက်တော့ အကုန်လုံးကထောက်ခံပီး သူတို့မနိုင်ခဲ့ရင် အဲ့ဂိုဏ်းတွေကိုတိုက်ခိုက်ဖို့တွက် ဗျူဟာဆွဲရင်း စတင်တိုင်ပင်ကြသည်..။
.........................
သန့်စင်ခန်းရှေ့ စောင့်နေတဲ့ davidမှာ အထဲက သခင်လေးleoက ကြာနေတာကြောင့် သန့်စင်ခန်းထဲဝင်ပီးရှာကြည့်လိုက်တော့...
တစ်ယောက်မှ မရှိပေ..။သူ့ ခေါင်းတစ်ခုလုံးကိုပူတက်သွားပီး သူ့လူတွေအကြောင်းကြားကာ gang က ထိန်းချုပ်ရေးလန်းကလဲလှမ်းဆက်သွယ်ရသည်..။သခင်လေးleoရဲ့တည်နေရာက မြို့ပြင်ကိုပြနေတော့ သွားဖို့ ပြင်လိုက်ပီး seanနဲ့ပါသွားတဲ့ alexဆီဖုန်းဆက်သတင်းပို့ရသည်..။
သူသတင်းပို့ဖို့ ဖုန်းကိုကြည့်တော့ သတင်းတစ်ခု မြို့ပြင်မှာမှောက်နေတဲ့ ကားလေး သခင်လေး leoရဲ့တည်နေရာနဲ့တူညီနေသည်..။ထို့ကြောင့်အမြန်ပင်သတင်းပို့ကာ သူထွက်လာလိုက်သည်..။
..............................
"သိပ်စိတ်မပူပါနဲ့ sean ကျတော်တို့နိုင်မှာပါ.."