Unicode...
ဆေးရုံရောက်တော့ သူ့ကလေးကိုEmergencyခန်းထဲခေါ်သွားတယ် သူ့ရဲ့စိတ်ပူမှုကဂိတ်ဆုံးရောက်နေပြီ စောနကသူနဲ့စကားပြောတော့ အကောင်းပါဒါမဲ့နဖူးမှာချွေးစေးတွေပြန်တာတော့သတိထားမိတယ် သူလဲအလုပ်ကိစ္စကြောင့်ဗျာများနေတာနဲ့ကလေးကိုမမေးလိုက်ရဘူး...။
.
.
.
.
.
တောက်စ်~ဟာကွာစိတ်တိုတိုနဲ့ ဘေးနားကနံရံကိုထထိုးလိုက်တယ်..။
ဂျောက်.....
"ဒေါက်တာ ကျတော့်ကလေးအခြေနေ"
"လူနာကအစာအိမ်ရောင်တာပါ ဘာမှစိုးရိမ်စရာတော့မရှိတော့ဘူး ဒါမဲ့အစာအိမ်ရှိတဲ့သူဆိုတော့စားတဲ့အခါ နည်းနည်းဂရုစိုက်ပေးပေါ့ သူ့ကိုvipအခန်းထဲရွေ့ပေးလိုက်မယ်"
"ကျေးဇူးပါဒေါက်တာ"
.
.
.
သူကလေးကို ထားတဲ့အခန်းထဲရောက်တော့ ကုတင်ပေါ်မှာဖြော့တော့စွာလှဲနေတဲ့ကလေးငယ် သူမနက်ခင်းကမှအမြတ်တနိုးနမ်းခဲ့တဲ့နှုတ်ခမ်းလေးက သွေးမရှိလို့ဖြူလျော့နေတယ်လက်ဖြူဖြူလေးပေါ်မှာလဲ မညှာမတာထိုးတဲ့အပ်လေး ရင်နာလိုက်တာဒီတိုင်းမြင်နေရတာ....
Seanရိပေါ်ရဲ့လွတ်နေတဲ့လက်တစ်ဖက်ကို ကိုင်ရင်းတောင်းပန်စကားဆိုမိသည်...။"ဒယ်ဒီတောင်းပန်ပါတယ်.. Bae"
"သားရှောင်းကျန့်.... မားသားလေးက ဘယ်လိုဖြစ်တာလဲကွယ် သားရောသားငယ်ရော ဖုန်းမကိုင်လို့ ကျိုးချန်ဆီဆက်လို့သိရတာ"
"ဟိုဝမ်မား ကလေးက အစာအိမ်ယောင်တာပါစိုးရိမ်စရာတော့မရှိဘူး"
"တော်ပါသေးရဲ့ မားမှာလန့်သွားတာဘဲ အစာအိမ်ယောင်တာဆိုတော့ အမာတွေကျွေးလို့မရဘူးမားအိမ်ပြန်ပြီ သားငယ်ကြိုက်တဲ့ခရုဆန်ပြုတ်လေး သွားပြုတ်လိုက်အုန်းမယ်"
"ဟုတ်မား"
"အာ... သားအားရဲ့လား မားဝမ်ပါးကိုဖုန်းဆက်ခေါ်လိုက်မယ်အရေးကြီးအလုပ်ကိစ္စရှိနေရ င်သွားလေ"
"ကလေးက ဒီလိုဖြစ်နေတာသားက ဘယ်လိုစိတ်နဲ့သွားနိုင်မှာလဲ မားသာအိမ်ပြန်ပြီးကလေးစားဖို့စီစဥ်ပေးပါနော်"