"Daddy သားတို့ ဘယ်သွားမှာလဲဟင်"
ရိပေါ် မနက်ခင်းအိပ်ယာနိုးတော့ ဒယ်ဒီကအခန်းထဲ မနက်စာယူလာပေးပြီးတော့ စားခိုင်းတယ်အခုလဲ အဝတ်စားတွေလဲ ပေးနေတာ သူမနေ့က ညနေကနေစပြီး အောက်ကိုမဆင်းရသေးဘူး
"Daddyရဲ့ အပန်းဖြေအိမ်ကို သွားမှ ာdaddyနဲ့နေမှာမလား ကလေးက"
"ဟုတ်"
ရှောင်းကျန့် ကလေးလေးရဲ့ ပါးဖောင်းလေးကိုတစ်ချက် မွှေးကြူလိုက်တယ်။
ဒေါက်~ဒေါက်~ဒေါက်
"သခင်လေး အဆင်သင့်ဖြစ်ပါပြီ"
"အင်းး"
"ရိပေါ်လေး ဒယ်ဒီပြောတာနားထောင် ဒီမျက်နှာဖုံးလေးကို တက်ထားနော် မချွတ်နဲ့ ဒယ်ဒီတို့ နှစ်ယောက်ထဲရှိတာလို့ ကလေးတယောက်ထဲရှိမှ ချွတ်နော် ဒယ်ဒီပြောတာ နားလည်တယ်မလား"
"ဟုတ် ဒါနဲ့ ဒယ်ဒီသား ဘာလို့တက်ရမှာလဲဟင်"
"လူဆိုးတွေ ဖမ်းမသွားအောင်လို့ပေါ့ ကလေးရဲ့လိမ်မာတယ်နော် လာသွားမယ်"
"ဟုတ် ဒယ်ဒီ"
"လာ သွားမယ်"
ရှောင်းကျန့် တို့ထွက်လာတော့ မားနဲ့ပါးက ကားနားမှာ ရပ်စောင့်နေတယ် ရိပေါ် မျက်နှာဖုံံးတက်ထားတာကို တစ်ချက်သာကြည့်ပြီး သူ့ဘက်ကိုပြောလာတယ်။
"သားလိုအပ်ရင် ပါးတို့ကို ပြောနော် ရိပေါ်လေးကိုစောင့်ရှောက် သူကငယ်သေးတယ် မိဘနဲ့ခွဲထားရတာ"
"ဟုတ်ကဲ့ပါ ပါးကျတော်တို့ သွားတော့မယ်"
ရှောင်းကျန့် သေချာစဥ်းစားထားတာ ကလေးကိုအမြင်မခံဘူး ဘယ်သူ့ကိုမှ ကလေး20ပြည့်မှအားလုံးကို ချပြမယ်ကလေးကို အိမ်ထဲမှာဘဲသူ့လိုပိတ်ပြီး မနေစေချင်တာကြောင့် မျက်နှာဖုံးတတ်ခိုင်းရတာ ကျောင်းနာမည်ကိုလဲ ဝမ်ရိပေါ်မဟုတ်ဘဲ leoအဖြစ် ပြောင်းပြီတက်ခိုင်းတာ
သူ့တုန်းက အိမ်ထဲမှာ12နှစ်တိတိ အပိတ်ခံထားရတာ Demon's gangထဲ စဝင်မှ သူ့ကိုအမြင်ခံခဲ့တာ ဒါတောင်အခုချိန်ထိ seanဆိုတဲ့နာမည်ဘဲသိတာ လူကိုမမြင်ဘူးသေးတဲ့ လူတွေတောင်ရှိသေးတယ်
![](https://img.wattpad.com/cover/280696140-288-k522878.jpg)