ရိပေါ် ညစားစားဖို့အောက်ဆင်းလာတော့ ဒယ်ဒီကထိပ်ဆုံးခုံမှာထိုင်နေတာမလို့ ဒယ်ဒီခုံရဲ့နှစ်ခုံကျော်မှာဝင်ထိုင်လိုက်သည် ခနနေတော့သူ့ကိုကြည့်လာတဲ့ ဒယ်ဒီပြီးတော့ မျက်မှောင်ကုတ်ပြီးမေးလာသည်က
"koreaမှာလဲ အဲ့တိုင်းဝတ်ပြီးနေတာလား baby"
"ဟမ်... အော် အင်းး"
"ကျစ်...ဒီမှာတော့ မပြောတော့ဘူး နောက်ခါဒယ်ဒီကလွဲရင် တစ်ခြားသူတွေရှေ့ဒီပုံစံနဲ့မနေပါနဲ့"
"အင်းးး"
အခုကလေးဝတ်ထားတဲ့ ပုံစံက ရှပ်အင်္ကျီအပွကြီးကိုဒူးထက်အနားလောက်ထိဖုံးပြီး ပေါင်လယ်လောက်အစိမ်းရောင် ဘောင်းဘီတိုလေးနဲ့ ဝတ်ထားတာစားပွဲမှာထိုင်လိုက်တော့ အင်္ကျီကအပေါ်မြှောက်သွားပြီး ပေါင်တံဖွေးဖွေးလေးက ပေါ်လာသည် ဒါက သူနဲ့နှစ်ယောက်ထဲဆို ကိစ္စမရှိဘူးတစ်ခြားအစောင့်တွေနဲ့ကြ သူမကြိုက်ဘူးကလေးရဲ့ပေါင်တံတွေကိုကြည့်မှာ davidတောင်မြင်ပြီးသွားပြီလားဆိုပြီး စိတ်ထဲကနေ ကြိတ်ဒေါသထွက်ရပါသေးသည်
ရိပေါ် သူဒီတိုင်းဘဲဝတ်နေကြကို ဒယ်ဒီကအထူးဆန်းလုပ်ပြီး လာပြောနေတာ ပုံမှန်လိုရွဲ့ပြီးပြန်ပြောလိုက်ချင်ပင်မဲ့ သူ့ကြောင့်စိတ်တိုသွားပြီးမနက်ဖြန်မားတို့ဆီ လိုက်မပို့ရင်ကိုယ်ဘဲ ဒုက္ခရောက်မှာမလား တိတိတို့အဲ့လောက်ကြီးမအပါဘူး အဲ့ကြောင့်အင်းလို့ဘဲ ဖြေလိုက်သည်
.
.
.
.
.
အားးးရိပေါ် ဒယ်ဒီနဲ့ ထမင်းစားပြီး ဧည့်ခန်းမှာtvကြည့်ရင်း အချိုစားမလို့ ဒယ်ဒီအရင် ဧည့်ခန်းကိုထွက်လာခဲ့ရာ မီးပျက်ပြီးတစ်အိမ်လုံးမှောင်သွားလို့လန့်ပြီး ဒယ်ဒီပေါ်ကုတ်ကပ်တပ်မိသည်
"ဒယ်... ဒယ်ဒီဘာ... ဘာလို့မှောင်သွားတာလဲဟင်"
"ဒယ်ဒီလဲ မသိဘူးခန davidကိုမေးပေးမယ်"
ရှောင်းကျန့် ကလေးထွက်သွားတဲ့ ဧည့်ခန်းဘက်ကိုလိုက်လာနေတုန်း အားးဆိုတဲ့အော်သံကြီးနဲ့သူ့ပေါ်ပြေးတက်လာတဲ့ ကလေးကြောင့် ပြုတ်မကျအောင် တင်ပါးလုံးလုံးလေးကနေ ထိန်းကိုင်ပေးထားသည် ပြီးတော့သူ့ကိုမေးလာသည်က ဘာလို့မီးပျက်တာလဲတဲ့ စံအိမ်မှာကမီးပျက်တာရှားတယ်လေ အဲ့ကြောင့်ကလေးကမေးလာတာသိလဲသိအောင်ဆိုပြီး ကလေးကိုချီထားလျက်ပင် davidဆီသွားလိုက်သည်