Unicode
စည်းဝေးခန်းထဲဝင်လာတဲ့ သူမှာ မျက်နှာဖုံးဝတ်ထားတဲ့ကောင်ငယ်လေးတစ်ယောက်ပင်ဖြစ်သည်..။ဆံပင် ပြာပြာလေးနှင့် အနက်ရောင် suitကိုယ်ကျပ်ကိုဝတ်ဆင်ထားတာကြောင့်ထိုကောင်လေးရဲ့ ကိုယ်လုံးကိုယ်ပေါက်မှာအတော်ပင်ကြည့်ကောင်းလေသည်..။
နားမှ ကြယ်ပုံ နားဆွဲအရှည်ကိုဝတ်ဆင်ထားသည့်အခါမှာ ထိုသူ သူတို့ထက်ပင်အသက်ငယ်မဲ့ ကောင်ငယ်လေးတစ်ယောက်ဖြစ်သည်ဟု ကောက်ချက်ချကြသည်..။"ဒါ ကျတော်တို့ရဲ့ katarro gang ခေါင်းဆောင် tadao(တာဒါအို)"
ကူရိုရဲ့ မိတ်ဆက်ပေးအသံအဆုံး ထိုကောင်ငယ်လေးက ဘောင်းဘီအိပ်ကပ်ထဲ လိုက်နှိုက်ရင်း စတိုင်ကျကျရပ်နေကာ ရှိတဲ့ လူတွေကိုလိုက်လံကြည့်နေသည်..။ ထိုကောင်ငယ်လေး အကြည့်များက တစ်နေရာမှာ ရပ်သွားတဲ့အခါသူတို့လဲ လိုက်ကြည့်မိတော့ seanဆီမှာပင်ဖြစ်နေသည်..။
seanအကြည့်များကလဲ ထိုကောင်ငယ်လေးကို အနည်းငယ်စူးစမ်းသလိုကြည့်နေသည်..seanဘေးတွင်ရှိသော ရှောင်လုလဲ အတူတူပင်..။ထိုခါ စူးရှဲ့မှ.."မင်းတို့ ခေါင်းဆောင်က ငယ်ငယ်လေးကို ဘာတွေအားကိုးနေတာလဲ gangအကြောင်းကို ဒီလိုနို့နံ့ဆင်တဲ့ ကလေးက သိ... "
ဝှစ်......
ထိုစကားပြောနေတဲ့ လူအနားကို ဓါးမြှောင်တစ်ချောင်းက ဖြတ်ကာထို လူ့နောက်ကျော်နားက နံရံကိုသွားစိုက်လေသည်..။ ထိုဓါးကို ပစ်ထုတ်လိုက်သည်မှာ...
"ဘယ်လိုလဲ ကျုပ်ကို နို့နံ့မဆင်သေးတဲ့ ကလေးလို့ထင်သေးလား အဲ့နို့နံ့မဆင်သေးတဲ့ သူရဲ့ဓါးက ခင်ဗျားလည်ပင်းကို စက္ကန့်အတွင်းဖောက်ဝင်သွားနိုင်တယ်ဆိုတာ မသိဘူးလား"
ထိုအဖြစ်ပျက်ကြောင့်တစ်ခြားလူတွေမှာ စကားပင်မဟရဲတော့ပေ..။
ခနအကြာမှ မဲခွဲတဲ့လူကြီးမှ စကားအသံထွက်လာလေသည်....."ဒါဆို ကျနော်တို့ မဲပြန်ခွဲပါမယ်"
"နေပါအုန်း မခွဲပါနဲ့ ကျတော့် gangကဝင်မပြိုင်ပါဘူး အခုက Demonနဲ့ Norable gangမှာ ဘယ်သူက အမဲအများဆုံးဖြစ်နေလဲ"
"အခု က Demon gang ထက် Norable gangက တစ်နဲ ပိုနေတယ်"
"အဲ့ဆို ကျတော်က katarro gangကို Demon ရဲ့gangအခွဲဖြစ် ရပ်တည်ချင်တယ် ရတယ်မလား Dad... ddy"