[10:]

2.3K 167 12
                                    

ညနေခင်း ရောင်စုံမီးတွေရှိရာ ဆိုင်တွင်းမီးရောင်မှိန်ပြပြအောက်မှာ မိန်းမောနေတဲ့ လူတစ်ယောက်
ထိုသူဟာ seanမွေးစားထားတဲ့ ဝမ်ရိပေါ်ဆိုတဲ့ကောင်လေး

ရိပေါ်ဟာ ဆေးချပြီး မိန်းမောနေတာဖြစ်သည် သူဒီလိုလုပ်ရတဲ့ အကြောင်းပြချက်ကတော့ဟက်~သေချာပေါက် ဒယ်ဒီကြောင့်ပေါ့ သူဆေးသုံးနေတာ 3ရက်ရှိပြီ သူမသွားချင်တဲ့ နေရာကိုစွတ်ပို့တာလေ အခုဆို5နှစ်တောင်ရှိပြီ သူပြန်မသွားခဲ့တာ သူဒီကိုရောက်ပြီး 3နှစ်နေတော့ပြန်လာခေါ်သေးတယ် ရိပေါ်တဲ့ တစ်ပေါ်ဘဲရှိတယ် မသွားခင်ကပြောခဲ့တဲ့ အတိုင်းပြန်မသွားခဲ့ဘူး

အဲ့အစား ဒီမှာဆိုးသွမ်းပြီး နေထိုင်တယ် မလုပ်ဖူးတာမရှိဘူး အကုန်လုပ်တယ် ဆိုင်ကယ်တွေကားတွေ မှောင်ခိုပြိုင်တယ် တရားမဝင်လက်နက်တွေကိုင်တယ် ဒါမဲ့ဒယ်ဒီဝတ်ခိုင်းထားတဲ့ မျက်နှာဖုံးတော့ သူမချွတ်ခဲ့ဘူး ဒယ်ဒီလား သူဒီလောက်လုပ်တာကို တစ်ချက်တောင် လာမကြည့်ဘူးဒီဆေးချတဲ့​ကိစ္စ​ကတော့ သေချာပေါက်လာမယ်လို့သူ့အသက်နဲ့ အာမခံရဲတယ် ဘာလို့လဲဆိုတော့ ကျတော်အိမ်သာ ဘယ်နှစ်ခါဝင်တာကအစသူ့နောက်လိုက်တွေက ပြန်တင်ပြနေတာဖြစ်လို့

သူ့အသက် 17ရှိပြီ 3လလောက်နေရင်18ပြည့်တော့မှာ ခင်ဗျားတို့စဥ်းစားနေမှာပေါ့ အသက်မပြည့်သေးဘဲ ကလပ်ထဲကိုဝင်ပြီး ဆေးချလို့ရတဲ့အကြောင်း သေချာပေါက် ဒယ်ဒီအာဏာနဲ့ပေါ့​ ရိပေါ်ငယ်ငယ်တုံးက ဒယ်ဒီဘာလုပ်တယ်ဆိုတာမသိဘူး အရွယ်ရောက်တော့ davidပြောလို့သိခဲ့ရတယ်ဒယ်ဒီက Demon's​ gang​ရဲ့ခေါင်းဆောင်တဲ့ဒယ်ဒီဘယ်လောက်အာဏာရှိတယ် ဆိုတာကိုလဲပြောပြတယ် Demon's​ gang​လို့ ပြောလိုက်တာနဲ့ကြောက်ဒူးတုန်အောင် ကြောက်တဲ့သူတွေကြည့်ဘဲ တဲ့သူ့ဆီမှာ Demon's gang ရဲ့​တံဆိပ်​ရှိတယ် davidဆီကခိုးလာတာ သူတို့လားအခုဆိုအိပ်ပျော်နေတုန်းဒီကိုမလာခင်အိပ်ဆေးခတ်ခဲ့တာလေ

ဒုန်းးး

"ဝမ်ရိပေါ်"

ကလပ်အတွင်း​ သြဇာ​အာဏာ​အပြည့်နဲ့ အေးစက်သော အသံဟာပျံ့နှံ့လာတယ်
ဟက် ကျတော်ပြောသားဘဲ ဒယ်ဒီလာမှာ ပါဆိုဝမ်ရိပေါ်တဲ့ မပိုင်ရင်ခြေတောင်မရိုက်ဘူး လက်နာလို့
သူတစ်ချက်သာ လှမ်းကြည့်ပြီး ပြန်မှိန်းနေလိုက်သည်

!OH MY DADDY! Where stories live. Discover now