News Feed မှာ ကောင်လေးတစ်ယောက်ပုံ တက်လာတယ်။ ဘီယာခွက်တွေအများကြီးကြားမှာ ရယ်မောနေတဲ့ပုံလေး။ ပါးလေးကဖောင်းဖောင်းလေးမို့ ဆွဲညှစ်ချင်စရာကောင်းနေတယ်။ ပြီးတော့ ချစ်စရာလေး။
acc name ကိုကြည့်လိုက်တော့ ဇေယျာတဲ့။ သဘောကျတာနဲ့ သူ့အကောင့်ထဲ ဝင်ကြည့်လိုက်တယ်။ ကျွန်တော်နဲ့ friend မဟုတ်ဘူးဘဲ။ ကျွန်တော့် Fri ထဲက တစ်ယောက်ယောက်ကို tag တွဲပြီးတင်လိုက်လို့ ကျွန်တော့်ဆီပေါ်လာတာထင်တယ်။ အဲ့ဒါကြောင့် အရင်က မမြင်ဖူးတာကိုး။
ခုနက ကျွန်တော်တွေ့လိုက်တဲ့ပုံက သူနောက်ဆုံးတင်ထားတဲ့ post. Caption က FA တစ်ယောက်ရဲ့ လွတ်လပ်မှုတဲ့။ မန့်တွေက အတော်လေးကိုများနေတယ်။ ဘာတွေပြောထားကြလဲ သိချင်တာနဲ့ ဝင်ဖတ်လိုက်တယ်။
အသင်္ခယာသား >>
လဒကောင် မူးမှ ဖုန်းလာမဆက်နဲ့စောယွန်းမင်း >>
အန်ဖက်စို့ပြီး အသက်ထွက်နေအုံးမယ်။Soe Moe >>
FA ဆိုတော့လည်း အရက်ခွက်တွေနဲ့ပဲ အဖော်ပြုရတော့တာပေါ့ZarNi Linn >>
Caption ဘယ်တော့ပြောင်းမှာလဲKyaw Gyi >>
Caption က စော်ရမှပဲ ပြောင်းတော့မှာလားဧရာကမ်းဘေးက ဇေယျာအလွမ်းသမားလေး >>
မင်း caption ပြောင်းတဲ့နေ့မှ ငါမိန်းမယူမယ်ဘာလား။ Caption ကိုပဲ ဝိုင်းပြောနေကြပါလား။ caption က ဘာများထူးဆန်းနေလို့လဲ။
ကျွန်တော် အဲ့ post အောက်ကနေထွက်ပြီး အောက်ဘက်ကို ထပ်ဆွဲကြည့်လိုက်တော့ ဖင်ပေါ်၊ ရင်ပေါ် ကောင်မလေးပုံကို share ထားတာတွေ့ရတယ်။ Caption က FA တစ်ယောက်ရဲ့ လွတ်လပ်မှု။ ဟမ်... Caption က အပေါ်က post နဲ့တူနေပါလား။
အောက်ကို ထပ်ဆွဲကြည့်တော့ KTV မှာ စော်နှစ်ပွေနဲ့အတူတူ ရိုက်ထားတဲ့ပုံကို ကောင်မလေးတွေရဲ့မျက်နှာကို ဝါးပြီးတင်ထားတယ်။ Caption က FA တစ်ယောက်ရဲ့ လွတ်လပ်မှုပဲ။ ဘာလားဟ။ ဒီတစ်မျိုးတည်းပဲလား။ မယုံလို့ ဟိုးအောက်ထိ ဆွဲကြည့်လိုက်တယ်။
"FA တစ်ယောက်ရဲ့ လွတ်လပ်မှု"
"FA တစ်ယောက်ရဲ့ လွတ်လပ်မှု"