"စကြတော့မလား"
ကျွန်တော့်အိပ်ရာပေါ်မှာ မျက်လုံးတွေဂနာမငြိမ်စွာနဲ့ ထိုင်နေတဲ့သီဟ့ကို တစိမ့်စိမ့်စိုက်ကြည့်နေရင်းမှ ကျွန်တော်က မေးလိုက်ခြင်းဖြစ်တယ်။ ကျွန်တော့်ရဲ့အမေးစကားကိုကြားတော့ သီဟက ခေါင်းကိုငုံ့တယ်။
"ရှက်နေတာလား ကလေးလေး"
ငုံ့နေတဲ့သူ့မျက်နှာလေးကို အသာအယာဆွဲမော့ပြီး ကျွန်တော်ကမေးလိုက်တော့ 'အင်း။ နည်းနည်း'တဲ့ သူကပြန်ဖြေတယ်။ ပြီးတော့ သွားတွေကိုစိပြီး ဟီးဟီးတဲ့ ရယ်ပြနေတယ်။ ဘယ်လိုဟာလေးလဲမသိ။ ကျွန်တော့်မှာ အူယားလွန်းလို့ ရင်ခွင်ထဲဆွဲသွင်းပစ်မိတယ်။
"ဖြစ်နိုင်ရင် ကိုယ်လည်း ဘာမှမလုပ်ချင်သေးပါဘူးကလေးရာ။ ကလေးဘက်က အဆင်သင့်ဖြစ်မှပဲ ဒီလိုကိစ္စမျိုးကို စချင်တာပါ။ ဒါပေမဲ့ ကလေးက မနက်ဖြန်ဆို ပြန်တော့မှာလေ။ ကိုယ်တို့က လက်ထပ်စာချုပ်မှာ လက်မှတ်ထိုးထားကြတယ်ဆိုပေမယ့် အပြင်မှာ တကယ်လက်တွေ့ဖြစ်ဖို့ကလည်း လိုသေးတယ်မလား။ အဲ့တော့ ဒီနေ့ညက မင်္ဂလာဦးကိုဦးရမှဖြစ်မှာမို့ မလွှဲသာလို့ပါ။ အမှန်တော့ ကိုယ် ကလေးကို အားနာတယ်ရယ်"
"မဟုတ်တာဗျာ။ ကျွန်တော်နားလည်ပါတယ်။ အခုက ပထမဆုံးနေ့ဆိုတော့လေ။ ကျွန်တော်လည်း အဲ့လိုကိစ္စမျိုးတွေကို တစ်ခါမှမကြုံဖူးတော့။ စိတ်ထဲမှာ ဘယ်လိုကြီးလဲမသိဘူး ဖြစ်နေလို့ပါ။ ခင်ဗျားကတော့ လုပ်စရာရှိတာလုပ်လေ ကျွန်တော်အဆင်ပြေပါတယ်။ ဒါပေမဲ့ ကွန်ဒုံးတော့သုံး"
ကျွန်တော်ပြောသမျှ အကုန်ယုံတဲ့ သီဟ့ကို ချစ်လိုက်တာဗျာ။ ကျွန်တော် တကယ်ပဲ သူ့ကိုတစ်ယောက်တည်းထားခဲ့လိမ့်မယ်လို့ ထင်နေလားမသိ။
တကယ်တော့ နှစ်ဆန်းတစ်ရက်နေ့ကတည်းက သူ့အမေအကြောင်းတွေ ကျွန်တော်အကုန်သိတယ်။ Fb မှာ သူနဲ့ Fri ဆိုတာလဲသိတယ်။ သိမှာပေါ့။ သူမူးနေတုန်း အကုန်မေးကြည့်ထားတာကိုး။ ပြင်ဦးလွင်မြို့ကြီးကို သူဘယ်လောက်ချစ်ပြီး သဘောကျရတယ်ဆိုတာကိုလည်းသိတယ်။ အစက အဲ့နေ့ကတည်းက RS ချိတ်ဖို့ပဲ။ ဒါပေမဲ့ သီဟ့ကို ကျွန်တော့်အိမ်လိုက်မလားလို့ ခေါ်ကြည့်တော့ သူကလိုက်မယ်ဆိုတာနဲ့ အိမ်ရောက်မှချိတ်တာ ပိုကောင်းတယ်ဆိုပြီး နေလိုက်တော့တာ။