P_7(Uni)

14.3K 1.9K 281
                                    

အကိုသူရတို့အိမ်ရောက်တော့ ကျွန်တော့်ကို သူ့မိသားစုဝင်တွေ အကုန်လုံးနဲ့ မိတ်ဆက်ပေးတယ်။ ပြီးတော့ သူ့အခန်းထဲကိုခေါ်တယ်။ သူ့အခန်းထဲရောက်တော့ ကျွန်တော့်ခရီးဆောင်အိတ်ထဲကနေ အဝတ်အစားတွေထုတ်ပြီး သူ့အဝတ်ဗီရိုထဲကို ပေါင်းထည့်နေတယ်။ မသိရင် ကျွန်တော်တို့က အခုမှမင်္ဂလာဆောင်ပြီး မိန်းမက ယောက်ျားအိမ်ကို လိုက်လာနေတဲ့အတိုင်းပဲ...

"ကလေးလေး... ကိုယ်တို့အိမ်ရောက်ပြီဆိုတဲ့အကြောင်းကို မင်းအမေဆီ ဖုန်းလှမ်းဆက်လိုက်ဦးလေ"

"မဆက်ဘူး။ မနက်ဖြန်မှဆက်မှာ"

"ဟမ်... ဘာလိုလဲ။ အခုဆက်လိုက်လေ အမေစိတ်ပူနေလိမ့်မယ်"

"မမီတော့ဘူး။ အခုချိန်လောက်ဆို မေမေက ကျွန်တော့်ကို ဘယ်လိုကယ်ရမလဲဆိုပြီး အစီအစဉ်ဆွဲနေလောက်ပြီ"

"ဟမ်!! အဲ့ဒါဆိုမြန်မြန်ဆက်မှဖြစ်မှာပေါ့။ တော်ကြာကိုယ့်ကို အမှုဖွင့်နေမယ်"

"မပူနဲ့ ဘာအမှုမှ မဖွင့်ဘူးရယ်"

ကျွန်တော်ပြောလိုက်တော့ အကိုသူရက ကြောင်တောင်တောင်နဲ့ ကျွန်တော့်ကိုပြန်ကြည့်နေတယ်။ ကျွန်တော့်မေမေ့အကြောင်းကို သူနားလည်အောင် ဘယ်လိုရှင်းပြရမလဲမသိတော့။

ကျွန်တော့်မေမေက တကယ်တော့ စုံထောက်ရူး,ရူးနေတာရယ်။ ဇာတ်ကားကြည့်ရင်တောင်မှ စုံထောက်ကားတို့ အမှုလိုက်ကားတို့ကိုပဲကြည့်တာ။ စာအုပ်ဆိုလည်း တစ်ခုခုကိုစုံစမ်းနေတဲ့ စာအုပ်မျိုးတွေကိုပဲဖတ်တယ်။ ကြာလာတော့ အဲ့အမှုလိုက်ဇာတ်ကားတွေရဲ့ လွှမ်းမိုးမှုကြောင့်ပဲ မေမေက လူတွေကို လွယ်လွယ်မယုံတတ်တော့ဘူး။ တစ်ခုခုဆို သံသယက အရင်ဝင်နေရော။

ပြီးတော့ မေမေက စုံစမ်းရတာကို အရမ်းကြိုက်တယ်။ ဘယ်လောက်ထိတောင်ကြိုက်လဲဆို ဘေးအိမ်ကလင်မယား ကွာရှင်းတာကိုတောင် သူတို့ဘာလို့ကွာရှင်းကြတာလဲဆိုပြီး လိုက်စုံစမ်းတတ်တာမျိုး။

အဲ့ဒါကြောင့် မေမေက အကိုသူရကို သံသယဝင်ပေမယ့် အမှုတော့ဖွင့်မှာမဟုတ်ဘူး။ ဘာလိုဆို မေမေကိုယ်တိုင်စုံစမ်းမှာကိုး။ အခုချိန်လောက်ဆို အကိုသူရကို လူကုန်ကူးတဲ့ကောင်နေရာကနေထားပြီး ဇာတ်လမ်းရေးနေလောက်ပြီ။ ကျွန်တော့်ကို ဘယ်လိုကယ်ရမလဲဘာညာကိုလည်း အစီစဉ်ဆွဲပြီး ပလန်အေ၊ ပလန်ဘီဆိုပြီး စာရွက်ပေါ်မှာ ချရေးနေလောက်ပြီရယ်။

သူ ကျွန်တော့်ကို အပိုင်ကြံတယ် (Completed)Место, где живут истории. Откройте их для себя