အရင်ဦးဆုံး အထူးတို့ကိစ္စမပြီးပြတ်သေးဘဲနဲ့ အပိုင်ကြံတယ်ကို ဘာလို့စာအုပ်အဖြစ်လုပ်ရတာလဲဆိုတာကို အရင်ရှင်းပြချင်ပါတယ်။
အပိုင်ကြံတယ်က အထူးတို့ထက်အရင် စာအုပ်တိုက်တစ်တိုက်နဲ့ အရင်ပြောထားတာဖြစ်ပြီး နောက်ကျ ကတ်က အထူးတို့ကို အရင်ထုတ်ချင်တာမို့ စာအုပ်တိုက်နဲ့နားလည်မှုယူပြီး စာအုပ်ထုတ်ဖို့ကို နောက်ဆုတ်ခဲ့တာပါ။
အထူးတို့ကို 2023 ရဲ့ ပထမဦးဆုံးလမှာ အော်ဒါကောက်၊ အော်ဒါကောက်ပြီး နှစ်လကြာရင် စာအုပ်ရမယ်ဆိုလို့ သုံးလပိုင်းထဲမှာ စာအုပ်ရမယ်လို့တွေးပြီး၊ အပိုင်ကြံတယ်ကိုကျတော့ လေးလပိုင်း သင်္ကြန်အမီလေးထုတ်မယ်လို့ သဘောတူထားတာပါ။ ဒါပေမဲ့ အထူးတို့က လေးလပိုင်းအထိ ရမလာသေးတဲ့အတွက် ငါးလပိုင်းမှာ ပြောင်းထုတ်ဖို့နောက်ဆုတ်ရင်း အထူးတို့က refund ပြန်ပေးဖို့ဖြစ်လာခဲ့တယ်။ အစကတော့ အထူးတို့အတွက်ကို Refund အကုန်ပေးပြီးမှ အပိုင်ကြံတယ်ကိုဆက်လုပ်ဖို့တွေးထားပေမဲ့ စာအုပ်တိုက်အနေနဲ့ကျတော့လည်း ကာဗာဘာညာကစပြီး အကုန်ပြီးနေပြီဖြစ်တာရယ်၊ နောက် သူတို့လည်း စောင့်ဆိုင်းနေရတာကို အားနာတဲ့အတွက် ဒီ ခြောက်လပိုင်းထဲမှာပဲ စာအုပ်လေးထုတ်ဖို့ ရွေးချယ်လိုက်ပါတယ်။
(အထူးတို့အတွက်ကိုလည်း ကျနော် တောင်းပေးနေပါတယ်၊ ရအောင်တော့ တောင်းပေးပါ့မယ်နော်)
အပိုင်ကြံတယ်အကြောင်းကတော့ အပိုင်ကြံတယ်က အတိုလေးဖြစ်တဲ့အတွက် ကတ်က သူရယ် ကျွန်တော်ရယ် ပန်းမြို့တော်ကြီးဝယ်ထဲကနေ အပိုင်းတချို့ကိုပါယူပြီး extra အနေနဲ့ ပေါင်းထားပါတယ်။ နောက်ပြီး fiction က အတိုလေးဖြစ်တာမို့ စာအုပ်ဆိုဒ်ကလေးကလည်း ပုံမှန်ထက်သေးပြီး ချစ်စရာကောင်းတဲ့ အနေအထားလေးနဲ့ထွက်လာပါလိမ့်မယ်။ ကျေးဇူးတင်ပါတယ်ဗျ။