"ဘာဖြစ်လို့လဲကလေး"
အခန်းထဲဝင်လာတဲ့ အကိုသူရက မှုန်ကုတ်ကုတ်နဲ့ထထိုင်နေတဲ့ ကျွန်တော့်ကိုမြင်ပြီး မေးလာခြင်းဖြစ်တယ်။
"ကျွန်တော်နဲ့ခင်ဗျားက အတွဲဆိုတာကို မေမေသိသွားပြီ"
"ဟမ်။ ဘယ်လိုလုပ် သိသွားတာလဲ။ မနေ့ကတောင် မသိသေးဘူးမလား"
"မသိတော့ပါဘူးဗျာ။ မေမေက အခုချက်ချင်းပြန်ခဲ့တဲ့။ ကျွန်တော် ဒီမှာ နေလို့တောင်မဝသေးတာကို။ စိတ်ညစ်တယ်တကယ်"
"အဲ့ဒါဆို ကလေးကပြန်တော့မှာပေါ့"
"အဆူခံရမယ့်အတူတူ သုံးရက်နေပြီးမှပြန်မယ်။ အရင်ဆုံး ကျွန်တော်တို့နှစ်ယောက်အကြောင်းကို မေမေ့ဆီ ဘယ်သူကသွားပြီး အာချောင်တာလဲဆိုတာကို သိအောင်အရင်လုပ်ရမယ်"
ပြောပြောဆိုဆိုနဲ့ ကျွန်တော် ငမိုးဆီဖုန်းကောက်ဆက်လိုက်တယ်။
"အေး သီဟ ပြော"
"မင်းတို့ကောင်တွေ ငါနဲ့အကိုသူရအကြောင်းကို ဘယ်ကောင်ငါ့အမေဆီသွားပြီး အာချောင်ထားတာလဲ"
"ဖြစ်ရမယ်။ ငါ့လီးကို အာချောင်ပါလား။ မင်းလင်ကြီးကို အရင်မေးကြည့်ပါဦး။ ညကသူဘာလုပ်ထားလဲလို့"
"အကိုသူရလား။ ဘာလုပ်ထားလို့လဲ"
ငမိုးကိုမေးရင်းနဲ့ အကိုသူရကို မော့ကြည့်လိုက်တော့ အကိုသူရက သူဘာမှမလုပ်ထားဘူးဆိုတဲ့သဘော ခေါင်းခါပြတယ်။
"Fb မှာ RS ချိတ်တယ်လေ"
"ဘာ!!"
ကျွန်တော် ဒေါသတကြီးနဲ့ အကိုသူရကိုကြည့်တော့ သူကကြောင်တောင်တောင်နဲ့ ကျွန်တော့်ကိုပြန်ကြည့်နေတယ်။
"ဘာလဲ။ မင်းမသိဘူးလား။ ငါက မင်းသိတယ်မှတ်လို့ ဒီကောင် အတော်ဖြစ်နေပါလားဆိုပြီး တွေးနေတာ"
"မသိဘူး။ ညကငါ အစောကြီးအိပ်သွားတာ။ ငါသိရင်ချိတ်ခိုင်းမလားကွ"
"မင်းက ပြောမထားဘူးလား။ RS ချိတ်လို့မရဘူးဆိုတာကို"
"မပြောရသေးဘူး။ ငါမသိဘဲ အဲ့လိုလုပ်လိမ့်မယ်လို့လည်း မထင်ဘူးလေ။ ဒါပဲကွာသားရီး။ ငါသူနဲ့ရှင်းလိုက်အုံးမယ်"