ဇာတ်သိမ်း(Zawgyi)

5.5K 345 56
                                    

"ကလေးလေး...စိတ်ညစ်နေပြီလား"

"အင်း...နည်းနည်း"

"ကိုယ်တောင်းပန်ပါတယ်...ကိုယ့်ကြောင့်"

"အင်း...ခင်ဗျားကြောင့်...ခင်ဗျားသာ ပြင်ဦးလွင်ကမဖြစ်ခဲ့ရင်...ကျွန်တော်သာ ခင်ဗျားနဲ့မဆုံခဲ့ရင်...သိပ်ကောင်းမှာပဲ...အကိုသူရ"

တကယ်လည်း ကျွန်တော် အဲ့လိုတွေးမိနေပါပြီ။ သူနဲ့သာ မဆုံဖြစ်ခဲ့ရင် ကျွန်တော့်မိဘတွေ စိတ်ညစ်ရမှာမဟုတ်တော့ဘူး။ ကျွန်တော်သာ ပြင်ဦးလွင်ကို မရူးသွပ်ခဲ့ရင်...

"ကိုယ်တောင်းပန်းပါတယ်...ကိုယ် ကလေးဘက်ကို...မတွေးပေးမိခဲ့ဘူး...အရမ်းကို တစ်ကိုယ်ကောင်းဆန်မိသွားတယ်"

အကိုသူရအသံက အရမ်းကိုဝမ်းနည်းနေသယောင်။ အခုလိုကြားရတော့လည်း ကျွန်တော်မနေတတ်။ တကယ်တော့ အကိုသူရရဲ့ အပြစ်ချည်းပဲလည်း မဟုတ်ပါဘူး။ ကျွန်တော့်အပြစ်တွေလည်း ပါပါတယ်။ ကျွန်တော်ကိုယ်က အကိုသူရကို ယူချင်နေခဲ့တာ။ ဒီလောက်မြန်မြန်ကြီးတော့ မဟုတ်ပေမယ့်ပေါ့။

"ကိုကို"

ရုတ်တရက် ကျွန်တော်ခေါ်လိုက်တော့ သူကကြောင်သွားတယ်ထင်။ ကျွန်တော့်ကို ဘာမှပြန်ပြီး မတုံ့ပြန်။

"စိတ်မကောင်းဖြစ်မနေပါနဲ့တော့ ကိုကိုတစ်ယောက်တည်း မှားခဲ့တာ မဟုတ်ပါဘူး။ အိပ်တော့နော်"

"သီဟ...မင်း...မင်း.."

အကိုသူရရဲ့ အသံတွေက တုန်ယင်နေတယ်။ မယုံကြည်နိုင်တဲ့ မျက်လုံးတွေနဲ့ ကျွန်တော့်ကို ငေးကြည့်နေတယ်။ ကျွန်တော်က မျက်လုံးတွေအစုံလိုက်မှိတ်ပြီး ရယ်ပြလိုက်တော့...

"ကိုကို မင်းကို ချစ်လိုက်တာကွာ"တဲ့

ပြောပြီး ကျွန်တော့်ကို တင်းတင်းဖက်တယ်။ နဖူးကို တရှုံ့ရှုံ့နဲ့ အနမ်းပေးတယ်။ နောက်တော့ ကလေးတို့အိမ်မှာ ကိုကိုတို့ ထပ်ပြီး မင်္ဂလာဦးကြမလားတဲ့ ကျွန်တော့်ကိုဆွယ်တယ်။

"ကျွန်တော့်အိမ်မှာဆိုရင်တော့ ခင်ဗျားက အောက်ကနေရမှာနော်"

"ဟမ်...ဘာလို့လဲ"

နားမလည်တဲ့ပုံစံမျိုးနဲ့ အကိုသူရက ကျွန်တော့်ကိုပြန်မေးလာတယ်။ ရယ်ရတယ်။ ဒါကျွန်တော့်အိမ်လေ။ ကျွန်တော့်အိမ်ဆိုမှတော့ သေချာပေါက် ကျွန်တော်ကသျှောင်ပေါ့။

သူ ကျွန်တော့်ကို အပိုင်ကြံတယ် (Completed)Donde viven las historias. Descúbrelo ahora