" မင်းဘာလို့ငါ့ကိုဒီလိုလုပ်ရက်ရတာလဲ"
ဒေါသနဲ့အတူ Dake ရဲ့လက်တွေတဆက်ဆက်တုန်ယင်နေခဲ့တယ်
စောနက bar ထဲမှာမြင်လိုက်ရတဲ့ မြင်ကွင်းက အခုထိ သူမယုံနိုင်
သူအချစ်ဆုံးသူငယ်ချင်းနဲ့ ဖောက်ပြန်နေတဲ့ ဒီမိန်းမကိုဘယ်တော့မှခွင့်မလွှတ်နိုင်
bar ထဲမှာတင်ပွဲကြမ်းပြီး
Grace ကိုတရကြမ်းကားပေါ်ကိုဆွဲခေါ်လာခဲ့ခြင်းဖြစ်သည်
" ကျွန်မဘယ်နှစ်ခါပြောရမှာလဲ Dake ရှင်အထင်လွဲနေတာပါဆို"
တင်းမာနေတဲ့ Grace ရဲ့နှုတ်ခမ်းဖျားတွေကတော့ ထီမထင်မဲ့ပြုံးတစ်ခုနဲ့ အတူခပ်အေးအေး cigarette ကိုဖွာနေခဲ့တယ်
ဒီမိန်းမကတကယ့်ကိုမလွယ်
သူ့ရဲ့ပူလောင်မှုတွေကိုအမြဲလိုလို သွေးအေးရက်စက်ပြီးတုံ့ပြန်လေ့ရှိတယ်
တကယ်ဆိုပူလောင်မွန်းကြပ်လွန်းတဲ့ သူတို့နှစ်ယောက်ရဲ့ အိမ်ထောင်ရေးက ပေါက်ကွဲတော့မဲ့ ဗုံးကြီးတစ်လုံးအလား
သူတို့နှစ်ယောက်အတွက်အရာရာပြည့်စုံနေပေမဲ့ ချစ်ချင်းမေတ္တာတရားကရှားပါးလွန်းလှတယ်
ပြည့်စုံခြင်းတွေကပဲ သူတို့အတွက်မပြည့်စုံခြင်းတွေကိုဖြစ်ပေါ်စေတာလား
Norfolk Casino လုပ်ငန်းစုတွေရဲ့ စက္ကန့်နဲ့အမျှဝင်နေတဲ့ဝင်ငွေဟာသူတို့ရဲ့ပျော်ရွှင်ခြင်းကို မဆောင်ကျဉ်းပေးနိုင်ခဲ့
ကြီးမားတဲ့ အိမ်တော်နှစ်ခုက အမွေဆက်ခံတဲ့ တစ်ဦးတည်းသော သားနဲ့နဲ့သမီးတွေမို့ မာနနဲ့ အတ္တတွေက ကိုယ်စီမလျော့
ဖောက်ပြန်တဲ့ မိန်းမ....မင်းကိုအရှင်မထားဘူး
မင်းလည်းသေမယ် ငါလည်းသေမယ် .....
ရုတ်တရက်ကားကိုအရှိန်မြှင့်လိုက်တော့ grace ရင်ထဲမှာ ထိပ်ခနဲဖြစ်သွားသည်
" Dake ရှင်ရူးရူးနှမ်းနှမ်းတွေမလုပ်စမ်းနဲ့"
Grace တားပေမဲ့ သူဟာစိတ်လွတ်သွားတဲ့ သူတစ်ယောက်လို
أنت تقرأ
ချစ်လှစွာသောလေလွင့်ဝိညာဉ်
عاطفيةစိတ်ကူးယဉ်ရေးထားတဲ့ OC fic လေးဖြစ်ပါတယ် တချို့အကြောင်းအရာလေးတွေက ယုတ္တိမရှိရင်နားလည်ပေးပါနော် အစိမ်းချုပ်ပေမဲ့လည်းမနာသလိုပါလားကောင်မလေးရေ ဒဏ်ရာတွေမင်းပေးရင် ဆေးပေးတာလည်းမင်းပဲဖြစ်ပါစေ Dake " ကျွန်မကိုသိပ်အလျော့မတွက်ပါနဲ့ အချစ်ကလေး.... ကျွန်မသေရမှာက...