Part 3 (Autumn and the Soul)

1.4K 61 0
                                    

" ရှင်က လေလွင့်ဝိညာဉ်အသစ်လား"

အသံသေးသေးဆာဆာလေးကြောင့်
ခေါင်းငိုက်စိုက်ကျနေရာမှ သူကြည့်လိုက်တယ်

Sneaker ဖိနပ်အနီနဲ့အနက်ရောင်စပ်ကြား
အထက်တန်း uniform နဲ့ကောင်မလေးတစ်ယောက်

ဆံပင်အနက်ရောင် ဂုတ်ဝဲကျော်ကျော်နဲ့ စကပ်လေးနဲ့ နုဖက်နေတဲ့ သူမရဲ့မျက်နှာလေးနဲ့မို့ သူ့ထက်အတော်လေးငယ်မယ်ဆိုတာမေးကြည့်စရာမလို

" မင်းကငါ့ကိုမြင်ရတယ်ပေါ့"

သူ့ရဲ့အမေးကြောင့် ထိုကလေးမက ဟက်ခနဲရယ်တယ်

" ဝိညာဉ်အချင်းချင်းပဲ ရှင့်ကိုမြင်ရတာပေါ့"

သူမအပြောကြောင့် သူကြက်သီးထမိသွားသည်

ကောင်မလေးကိုကျောချမ်းမိတာတစ်ပိုင်း

သူ့အဖြစ်သူအခုထိလက်မခံနိုင်သေးဆာတစ်ပိုင်းပေါ့

" တို့နာမည် Autumn ပါ"

သူမရဲ့ လက်သွယ်သွယ်လေးတွေကိုဆန့်ထုတ်ရင်းနှုတ်ဆက်တော့ သူအနည်းငယ်ရှိန်သွားမိသည်

" ကိုယ့်နာမည် Diego ပါ"

သူမလက်ကိုကိုင်ပြီးနှုတ်ဆက်လိုက်တော့ သူ့ရဲ့ဖြစ်တည်မှုသူ စိတ်ဓာတ်သိပ်မကျတော့

ဘယ်အရာမှထိတွေ့ကိုင်တွယ်လို့မရတဲ့ဘဝမှ ကောင်မလေးလက်ရဲ့အထိတွေ့ကိုတော့ သူကောင်းကောင်းခံစားလို့ရနေခဲ့သည်

" ရှင့်မှာမျှော်လင့်ချက်ဘယ်လောက်ရှိလဲ"

သူမမေးခွန်းကိုသူသိပ်နားမလည်

ထိုင်နေရာမှ မတ်တတ်ရပ်လိုက်တော့ သူ့ရဲ့ ရင်ညွန့်သာသာရှိတဲ့ ထိုကလေးမက သူ့ကိုမော့ကြည့်တယ်

" မင်းဘာကိုမေးတာလဲ"

" အသက်ရှင်ဖို့ရာခိုင်နှုန်းကိုမေးတာ"

" ငါမသိဘူး"

ဆံပင်တွေထိုးဆွရင်းဖြေတဲ့ သူ့အမူအရာက သူဘယ်လောက်သွေးပျက်နေသလဲသိသာတယ်

" ငါလမ်းပျောက်နေတယ် Autumn အခုချိန်ဘယ်သူ့ကိုမှလည်းမယုံရဲဘူး မင်းလမ်းပြပေးနိုင်မလား"

ချစ်လှစွာသောလေလွင့်ဝိညာဉ် Where stories live. Discover now