Part 9 (some little secrets)

1.1K 50 4
                                    


" မင်းဘာလို့မျက်နှာပျက်နေရတာလဲ Autumn"

သိသိသာသာမှိုင်တွေနေတဲ့ ကလေးမလေးရဲ့မျက်နှာကြောင့် သူအနည်းငယ်စိတ်ပူရှုပ်ထွေးသွားမိသည်

သူ့အတွက်သတင်းကောင်းတစ်ခုရှိခဲ့ပေမဲ့ ညိုးနွမ်းနေတဲ့ Autumn မျက်နှာကြောင့် သူပါစိတ်မကောင်းဖြစ်မိသည်

သူ့ရဲ့ပုခုံးကို ဘာစကားမှမပြောပဲ အသာအယာမှီလိုက်တဲ့ Autumn ကြောင့် Diego ပိုပြီးစိတ်ပူသွားမိသည်

" လူကြီးကိုပြောပြချင်ရင်ပြောပြလို့ရတယ်နော်"

Autumn ဟာ အသက်ငယ်သလောက် လျှို့ဝှက်ချက်ကသူ့ထက်ပင်များသည်

ဘယ်လောက်တောင်လဲဆို Autumn ရှိတဲ့ဆေးရုံအခန်းကိုတောင် Diego ကိုမပြောပြ

Diego မေးရင် အမြဲလိုလို မမြင်စေချင်လို့ဆိုတဲ့စကားနဲ့တင် အဆုံးသတ်ပစ်တက်သေးသည်

ဆေးရုံခေါင်မိုးပေါ်မှာ ခြေထောက်လေးတွေကိုယ်စီတွဲလောင်းချထားရင်း စိတ်လွတ်လက်လွတ်ကောင်းကင်ကို Autumn ငေးကြည့်မိသည်

" အချိန်တန်လူကြီးပြန်သွားရင် Autumn ကိုသတိရပါ့မလား"

" ဘာလို့အဲ့လိုကြီးမေးတာလဲ Autumn ရယ်"

အလိုမကျမှုတချို့ Diego ရဲ့မျက်နှာမှာဖြတ်ပြေးသွားပေမဲ့

Autumn ရဲ့ နသယ်စက ဆံနွယ်အလိမ်လေးတွေကို ပင့်တင်လိုက်တယ်

ခုနက မှိုင်တွေနေသောချာတိတ်မရဲ့မျက်ဝန်းတွေက ပြုံးယောင်သန်းသွားခဲ့သည်

" လူကြီးရဲ့သတင်းကောင်းကဘာလဲ"

" ဘာလို့ ကိုယ့်အကြောင်းပဲမေးနေတာလဲ baby ရဲ့"

သူမနှုတ်ခမ်းဖျားကို အသာအယာဖိကပ်နမ်းရင်းမေးလိုက်တော့ Autumn လေပေါ်မြောက်သွားသလို
သူ့နှုတ်ခမ်းဖျားကနူးညံ့မှုကို Autumn ကောင်းကောင်းခံစားထိတွေ့နိုင်သည်

အခုအချိန်မှဆုံဆည်းခွင့်ပေးတဲ့ ကံတရားကိုအပြစ်တင်ရမလို

" သတင်းကောင်းက ကိုယ့်ရဲ့ ညီမတွေရောက်လာတယ်....အနည်းဆုံးတော့ Scarlet မဟုတ်တာလုပ်လို့မရတော့ဘူးပေါ့
သတင်းဆိုးက ကိုယ်တရားစွဲခံထားရတယ်... Norfolk ဘက်ကဆွဲထားတာမို့ ကိုယ်ရင်ဆိုင်ရမှာကြီးတယ်"

ချစ်လှစွာသောလေလွင့်ဝိညာဉ် Where stories live. Discover now