"Autumnဆီပြန်လာတာလား လူကြီး
အချိန်မတန်သေးဘူးလေ"ပါးပြင်ကသူ့မျက်ရည်စတွေကို သုတ်ပေးရင်း
အသံစူးစူးလေးကပြောတော့ သူဟာလှုပ်ရှားလို့မရပါ" ကိုယ့်ဆီကိုဘာလို့
အကြိမ်ကြိမ်ကံဆိုးခြင်းတွေကျရောက်နေတာလဲ
ပြီးရင်ကံဆိုးတဲ့အချိန်တိုင်းမင်းကိုတွေ့ရတာလဲ
မင်းဘယ်သူလဲ"စိတ်ထဲကကျိန်ဆိုအော်ဟစ်လိုက်ရင်း
လှိုက်ခနဲသတိရလာတော့သူကို ဆရာဝန်တွေဟာ နှလုံးခုန်စက်နဲ့ လှုပ်နှိုးနေရင်းတန်းလန်းဖြစ်သည်
" ရပြီ ရပြီ နှလုံးပြန်ခုန်လာပြီ"
" Mr Diego ... ကျွန်တော့ကို မြင်ရလား"
သူ့နာမည်ကိုခေါ်နေတဲ့ ဆရာဝန်အား သူပထမဆုံးမေးလိုက်မိတာ Scarlet ရဲ့နာမည်
သူအရာအားလုံးကိုမှတ်မိသွားခဲ့သည်။
ပထမတစ်ကြိမ်လုပ်ကြံခံရတဲ့ ယာဉ်တိုက်မှုမှာ သူမှတ်ဉာဏ်တွေပျောက်ဆုံးခဲ့ပြီး
အခုတစ်ခါနိုးထလာတော့သူအရာအားလုံးကိုသတိရသွားပြီဖြစ်သည်။
" Scarlet ရော..."
အောက်ဆီဂျင်ပိုက်တွေကြားမှ အားကုန်စိုက်ကာသူမေးလိုက်သည်။
သူ့မေးခွန်းကိုဆရာဝန်တွေဟာစိတ်မကောင်းကြီးစွာခေါင်းခါလိုက်သည်" ငါတို့သူမကိုမကယ်နိုင်ခဲ့ဘူး"
အဲ့ဒီ့ခဏမှာ သူဟာထိတ်လန့်တုန်လှုပ်စွာ သူ့ပါးပြင်ကိုနောက်ဆုံးထိတွေ့ခဲ့သည့် Scarlet မျက်နှာကိုပြေးမြင်မိသည်။
သူ့အပေါ် Scarlet ကအကြိမ်ပေါင်းများစွာလှည့်စားခဲ့ပေမဲ့ သေအောင်မလုပ်ခဲ့တာမို့ကြံဖန်သတိရကျေးဇူးတင်နေမိသည်။
Scarlet မရှိတော့ဘူးဆိုတဲ့အသိစိတ်က သူ့ကိုနာကျင်စေသည်
၅ နှစ်တာ သံယောဇဉ်နဲ့သူ့ဘက်က
ချစ်ခြင်းမေတ္တာတွေကအတုမှမဟုတ်ခဲ့တာ" Mr Diego... Mr Diego"
တဖြေးဖြေးပြန်လည်မှေးစင်းသွားတဲ့ သူ့မျက်လုံးတွေကို သူကိုယ်တိုင်မတားဆီးနိုင်
DU LIEST GERADE
ချစ်လှစွာသောလေလွင့်ဝိညာဉ်
Romantikစိတ်ကူးယဉ်ရေးထားတဲ့ OC fic လေးဖြစ်ပါတယ် တချို့အကြောင်းအရာလေးတွေက ယုတ္တိမရှိရင်နားလည်ပေးပါနော် အစိမ်းချုပ်ပေမဲ့လည်းမနာသလိုပါလားကောင်မလေးရေ ဒဏ်ရာတွေမင်းပေးရင် ဆေးပေးတာလည်းမင်းပဲဖြစ်ပါစေ Dake " ကျွန်မကိုသိပ်အလျော့မတွက်ပါနဲ့ အချစ်ကလေး.... ကျွန်မသေရမှာက...