Part 11 ( Feel My Heartbeat )

1.1K 51 9
                                    

သူ့ရဲ့ရင်ခွင်ထဲမှာ အိပ်မောကျနေသော ထိုကလေးမလေးကို အသာအယာသူရှူံ့နမ်းလိုက်တယ်

လုံးလုံးသေးသေးလေးနဲ့ ပုဇွန်ထုတ်လေးနဲ့တူနေတာမို့ သူပြုံးလိုက်မိသည်

ပါးလေးတွေအိဖောင်းနေတဲ့ ကလေးမလေးဟာ ဘေးတိုက်ကြည့်လျှင် နှာခေါင်းချွန်ချွန်လေးမို့ Diego တကယ်အသည်းယားသည်

သူ့အတွက်အခုလို သူမနဲ့ နီးစပ်ခွင့်ပေးမယ်ဆိုရင် ဝိညာဉ်ဘဝမှာတောင် သူပျော်သည်

" ကလေးလေး ထတော့ကွာ"

အသည်းယားလို့နှာခေါင်းလေးတွေကိုဆွဲညှစ်ရင်း ပြောတော့

သူမဟာမျက်လုံးလေးပြူးကြည့်သည်

" နမ်းပါဦး လူကြီး"

နဂိုသေးငယ်တဲ့အသံလေးဟာအိပ်ရာနိုးကာစမို့ပိုပြီး ကလေးလေးနဲ့ တူနေသည်

သူမလေးရဲ့နှုတ်ခမ်းဖျားလေးတွေကိုစုပ်နမ်းလိုက်တော့
သူမဟာ သူ့ရဲ့ အောက်နှုတ်ခမ်းတွေကို ပြန်စုပ်တော့သည်

နူးညံ့တဲ့အထိအတွေ့နဲ့အတူ Autumn ရဲ့ ပါးစပ်ထဲကိုဝင်လာတဲ့ လျှာဖျားလေးတွေရဲ့ အရသာကြောင် Autumn မျက်လုံးတွေမှေးစင်းမိသည်ထိ

အတန်ကြာအောင်နမ်းပြီးတော့ လူကြီးဟာ Autumn ရဲ့ မျက်နှာကို ငေးကြည့်သည်

" မောသွားပြီလားကလေးလေး"

လူကြီးစကားကြောင့် Autumn ထရယ်မိသည်

" Autumn တို့က ဝိညာဉ်တွေလေ လူကြီးဘာလုပ်လုပ်မမောဘူး"

Autumn စကားကြောင့် ထိုလူကြီးရဲ့ မျက်နှာမှာ ညစ်ကျယ်ကျယ်အပြုံးတစ်ခုဖြတ်ပြေးသွားသည်

" ဟုတ်လား ကိုယ်ထပ်စမ်းကြည့်ချင်သေးတယ်"

" လူကြီးနော်" ဆူအောင့်အောင့်လေးပြောပေမဲ့

လူကြီးရဲ့ နှုတ်ခမ်းတွေဟာ Autumn ပေါ်ထပ်ရောက်လာခဲ့သည်

သိပ်အနမ်းကောင်းတဲ့လူကြီး... 

မဆီမဆိုင် Scarlet ပေါ်ကိုလည်းဒီလိုအနမ်းတွေပေးခဲ့ဖူးမှာပေါ့

ချစ်လှစွာသောလေလွင့်ဝိညာဉ် Tahanan ng mga kuwento. Tumuklas ngayon